Saturday, April 29, 2017

Mingalarbar

.
မင်္ဂလာပါလို့ ပြောတတ်မှလာပါ ။
.









 .
   မြန်မာပြည်ကို အမေရိကန် သမတ တစ်ယောက်အနေနဲ့ မစ္စတာအိုဘားမား
လာတုံးက မင်္ဂလာပါ လို့ နုတ်ဆက်စကားကို အတော်ပြောဆို သုံးစွဲခဲ့ပါတယ် ။
မစ္စတာ အိုဘားမား ကို ပေါင်းသင်းဆက်ဆံရေး ကောင်းသူ တစ်ဦး အဖြစ်
လူသိများပါတယ် ။
   ယခုအခါ မစ္စတာ ဒေါ်နယ်ထရမ့် သမတ ဖြစ်လာတော့ စကားပြော ဘုကျပြီး
ဆက်ဆံရေး မပြေပြစ်သူ တစ်ဦးအနေနဲ့ လူသိများနေပါတယ် ။
ဒါပေမဲ့ ပထ၀ီ အနေအထားအရ မြန်မာပြည် နဲ့  နီးနီးကပ်ကပ် အဆင်ပြေအောင်
ပူးပေါင်း ဆက်ဆံရမှာဖြစ်လို့  အမေရိကန် သမတ အနေနဲ့  မစ္စတာဒေါ်နယ်ထရမ့် 
မြန်မာပြည်ကို တစ်ခေါက်တော့ အနည်းဆုံး လာရပါလိမ့်မယ် ။
နှစ်နိုင်ငံ အကျိုးတူ စီပွားရေးလုပ်ငန်းများအတွက် တွေ့ ဆုံဆွေးနွေးပါလိမ့်မယ်။ 
ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ရပါလိမ့်မယ် ။
   မြန်မာပြည်ထဲမှာ လူသားအရင်းအမြစ် နဲ့  သယံဇာတ တွေ ပေါများနေသေးလို့ 
အမေရိကန် စီးပွားရေးအတွက်လည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ် ။
မစ္စတာ ဒေါ်နယ်ထရမ့်  မြန်မာပြည်ကို လာရတော့မယ်ဆိုရင် သူ့ ရဲ့  ပေါ်လစီ
အကြံပေးအဖွဲ့ အနေနဲ့  မြန်မာပြည် အခြေအနေ ကို ရှင်းပြတဲ့အခါ မြန်မာပြည်
ရဲ့  ယဉ်ကျေးမှု နဲ့ ဓလေ့ထုံးစံများကိုလည်း တင်ပြပေးကြမှာပါ ။
  အဲဒီအခါမှာ မင်္ဂလာပါ ဆိုတဲ့ နုတ်ခွန်းဆက်စကား ပြောထွက်ဖို့ ကို အတော်
လေ့ကျင့်ယူရမယ် ထင်မိပါတယ် ။ 
ဒါပေမဲ့ ဒီကိစ္စကို သမတ ကတော် Melania  တာဝန်ယူ ဖြေရှင်းပေးနိုင်မယ်
 မျှော်လင့်မိပါရဲ့  ။
.
.

 










 

Monday, April 24, 2017

Try to be Rich

 ဘ၀မှတ်တမ်း အပိုင်းအစများ ( )
.
....  မဆင်းရဲအောင် ကြိုးစားကြ 
.










.
.


  လူ့ ဘ၀နဲ့ ပတ်သက်တဲ့ ဆုံးမစာတွေ ၊ ကိုယ်တွေ့ ဖြစ်ရပ်တွေ
ဖတ်ရတာ ကြားရတာ များလာတဲ့အခါ ကိုယ့်ဘ၀နဲ့ ပြန်လည်
နှိုင်းယှဉ်ကြည့်မိပါတယ် ။ ဒီအထဲက စိတ်ကူးရသမျှကို ခွဲခွဲရေး
ထားရင် တစ်ချိန်မှာ ဘ၀မှတ်တမ်း တစ်ခုဖြစ်လာကောင်းရဲ့ ။
.
 ကလေးနှစ်ယောက် အလယ်တန်းကျောင်းသားဘ၀ ကျောင်းပိတ်ရက်
မှာ ပုဂံမြို့ ဟောင်းဘက်ကို မိသားစု သွားလည်ကြပါတယ် ။
ပုဂံမြို့ ဟောင်းကို မိမိကိုယ်တိုင် အကြိမ်များစွာ ရောက်ဖူးနေလို့ 
ဘယ်လိုသွားရင် အဆင်ပြေမယ်ဆိုတာ သိနေပါတယ် ။
ဧည့်လမ်းညွှန် အကူအညီမပါလဲ သွားနိုင်တယ်ဆိုပါစို့  ။
ရန်ကုန်မြို့ ကြီးနဲ့ နိုင်းယှဉ်ရင် မြေလတ်ဒေသမှာ အဆင်မပြေတာတွေ ။
ချို့ တဲ့တာတွေကို ပိုမိုတွေ့ မြင်ရတတ်ပါတယ် ။
အစစအရာရာ အဆင်ပြေစွာနေရတဲ့ ကလေးတွေအနေနဲ့  ကိုယ်တွေ့ ကြုံ
လာရတဲ့အခါ စဉ်းစားဆင်ခြင်လာအောင် ကိုယ်ချင်းစာနာစိတ် ရှိလာအောင်
သင်ပေးချင်ရင် စာအုပ်ထဲမှာဖတ်ခိုင်းတာနဲ့  ရုပ်ရှင်တွေမှာ တွေ့ မြင်ရတာနဲ့ 
ပါးစပ်က အမြှုပ်ထွက်မတတ် ပြောတာထက် တကယ့်လက်တွေ့ မြင်တွေ့ 
ရတာနဲ့ တော့ မတူနိုင်ပါဘူး ။
ဘယ်အရာမှ အလကားမရနိုင်ဘူးဆိုတာတော့ သိနေကြပါပြီ။
ဒါကြောင့် ပုဂံမြို့ ဟောင်းကိုအကြောင်းပြုပြီး မြေလတ်ပိုင်းဒေသတွေကို
မကြာခဏ ခေါ်သွားခဲ့ဘူးပါတယ် ။
.
ညောင်ဦးမြို့ က ရွှေစည်းခုံစေတီ ရောက်တော့ ဧည့်လမ်းညွှန်ကလေးတွေ
အတော်များများ ၀ိုင်းအုံရောက်လာကြပါတယ် ။ သူတို့ လိုက်ရှင်းပြမယ်ပေါ့ ။
ရွယ်တူကလေးငယ်တွေ ရုတ်တရက် ၀ိုင်းအုံရောက်လာတော့ မိမိကလေး
၂ ယောက်လည်း အံ့သြသလို အထူးအဆန်းဖြစ်သွားတာပေါ့ ။
ဝိုင်းအုံနေတဲ့ကလေးတွေကလဲ ပါးစပ်က တစ်တွတ်တွတ် ရွတ်နေကြပါတယ် ။ သူတို့ အထဲက ကောင်လေးတစ်ယောက်နဲ့ ကလေးမလေး တစ်ယောက်ကို
 ရွေးလိုက်ပါတယ် ။
ကျန်တဲ့ကလေးတွေကိုတော့ မုန့် ဖိုးခွဲဝေယူကြဖို့ ပေးလိုက်ပါတယ်။
ဧည့်လမ်းညွှန်လုပ်မဲ့ ကလေး၂ ယောက်ကို သေသေချာချာ မှာလိုက်ပါတယ် ။
စကားကို ဖြေးဖြေးပြောပြီးရှင်းပြဖို့ ၊ အလောတကြီးမသွားဖို့ ၊လက်တွေကိုင်ဆွဲ
သွားပြီး လက်တွဲ မဖြုတ်ဖို့  မှာလိုက်ပါတယ် ။
အဲဒီက ကလေးတွေက ရှင်းပြတဲ့အခါ ပါးစပ်က မနားတမ်းရွတ်နေတော့
ပြောတာကို နားထောင် နေရင် ပြတာနဲ့ လွဲချော်နေတတ်ပါတယ် ။
တစ်နေရာမှာရပ်ပြီး တစ်ခုခြင်းကို ဖြေးဖြေး မပြောဘဲလမ်းတစ်လျှောက်
မနားတမ်းသွားရင်း ပါးစပ်က ရွတ်သွားသလို ဖြစ်နေ တတ်ပါတယ် ။
အများနဲ့ ဘုရားဖူးလာရတဲ့အခါ ဒီလိုရှင်းပြမှလဲ ရွှေစည်းခုံစေတီ ရင်ပြင်
တစ်ခုလုံး နှံ့ မှာကိုး ။ အများနဲ့ သွားရတော့ ခွင့်ပြုချိန် နည်းပါတယ် ။
မိမိတို့ မိသားစုကတော့ အေးအေးဆေးဆေး လေ့လာချိန် များများယူထား
တော့ ကလေးတွေ အတွေ့ အကြုံတစ်ခု ရသွားကြဖို့ ရည်ရွယ်ထားပါတယ် ။
ကဲ သွားကြတော့ လို့ လွှတ်လိုက်တာနဲ့  သူငယ်ချင်းတွေလို လက်ကိုယ်စီ
တွဲပြီး တတွတ်တွတ် စရွတ်ပါတော့တယ် ။
အဖေနဲ့ အမေ ကတော့ နောက်ကနေလိုက်ပြီး ဖြေးဖြေးသွားဖို့ ၊ဖြေးဖြေးေ
ပြောဖို့  တစ်ခါတစ်လေ ကျော်သွားမယ်ထင်ရင် သတိပေးရသေးတယ် ။
များသောအားဖြင့် ကျောက်မြင်းရုပ် နားက တံခါးပိတ်ထားတဲ့
ကျောက်ငါးရုပ် ကို မရှင်းပြကြပါဘူး ။ ဘာဖြစ်လို့ လဲဆိုတော့
ဒီလို ကလေးငယ်တွေ ဂေါပကရုံးရှေ့ က ဖြတ်သွားခွင့် မရှိပါဘူး ။
ဂေါပကရုံးက မမြင်ရအောင် လှုပ်ရှားရတဲ့သဘောပါ ။
ဘုရားဖူးဧည့်သည်တွေ စိတ်အနှောက်အယှက် ဖြစ်စေတတ်ဘူးလို့ ပါ ။
ဒါကို ကြိုသိနေတော့ အဲဒီ ကျောက်ငါးရုပ်ကို တမင်ရှင်းပြခိုင်းတာဖြစ်
ပါတယ်။ ပိတ်ထားတဲ့ တံခါးကြားက ချောင်းကြည့်ခဲ့ရတာပေါ့ ။
ဆုတောင်းပြည့်တယ် ပြောကြတော့ ရွှေဆိုင်းတွေတောင် ချထားတာ
တွေ့ ရပါတယ် ။ အရင်ကဆိုရင် လူကြီးလာတယ် ဆိုတိုင်း ထုံးရည်
ဝနေအောင် သုတ်နေကြ ။ ဘာကြောင့်လဲမသိ နောကိပိုင်းမှာ သော့ခတ်
ထားတာ သတိပြုမိပါတယ် ။
မိမိအနေနဲ့  ဂေါပကရုံးမှာ သော့သွားတောင်းပြီးဖွင့်ကြည့်ရင်တောင်ရ
တယ်။ ကျောက်ငါးရုပ် ရှင်းပြပြီးချိန်မှာ ဧည့်လမ်းညွှန်
ကလေး ၂ ယောက်က မျက်နှာငယ်လေးနဲ့  သူတို့ ကို ဂေါပကရုံးအလွန်
တစ်ဖက်မှာ စောင့်နေဖို့ ၊ သူတို့  ၂ ယောက် ဂေါပကရုံး အနောက်ဖက်
ကနေ ပတ်လာပြီး ပြန်ဆုံ ကြမယ်ပေါ့ ။
မိမိကိုယ်တိုင် ရည်ရွယ်ချက်ကရှိနေတော့ နင်တို့ ဘာမျှမကြောက်နဲ့  ငါ့နဲ့ လိုက်ခဲ့
ဆိုပြီး အဲဒီကလေး ၂ ယောက်ရဲ့ ပုခုံးတွေပေါ် လက်တစ်ဖက်စီတင် ၊မိမိကလေး
၂ ယောက်က အပြင်ဘက်ကလိုက်တော့ လက်တွဲ ဖြုတ်စရာလဲမလိုတော့ဘူးပေါ့ ။
အဲဒီလိုနဲ့ စကားပြောမပြတ်ဘဲ ဂေါပကရုံးရှေ့ ကကို ဖြတ်လာခဲ့ပါတယ် ။
မိမိ ကလေး ၂ ယောက်ကတော့ သူတို့ အဖေရဲ့ လုပ်ရပ်ကို အံ့သြနေကြမှာ
မလွဲပါဘူး။ ရွှေစည်းခုံစေတီ အနှံ့ ဖူးပြီးတဲ့ အခါ အဲဒီကလေး၂ ယောက်ကို
မေးလိုက်ပါတယ် ။ နင်တို့ ၂ ယောက် ကျန်တဲ့ ပုဂံက စေတီ ဘုရားတွေကို
လိုက်ရှင်းပြတတ်လားဆိုတော့ ၀မ်းသာအားရစွာ ရတယ်လိုက်ချင်တယ်ဆိုလို့ 
ကားမောင်း လိုက်ပို့ တဲ့ ကားဆရာကို ခွင့်တောင်းရပါတယ် ။
ကား ဆရာတောင် အံ့သြသွားတယ် ။
ဘယ်ဘုရားဖူးမှ ဒီလိုမျိုး မခေါ်သွားကြဘူးတဲ့ ။
အခုမှ ဆုံတွေ့ ကြရတဲ့ ကလေး ၄ ယောက် ကားနောက်ခန်းမှာ ဘာတွေပြောနေ
 ကြတယ် တော့ မသိပါဘူး ။ ညနေ နေစောင်းလို့ တည်းခိုဆောင်ပြန်ရမဲ့
အချိန်ထိ လက်တွေ တွဲနေ ဆွဲနေကြဆဲပါ ။ သူတို့ ၎ ယောက် အမှတ်တရ
ဓါတ်ပုံတောင် တွဲရိုက်ထားလိုက် ပါသေးတယ် ။
အခြားမြို့ ရွာဒေသတွေမှာ ဆင်းရဲ ပင်ပန်းတာတွေ ၊ ဘ၀ကို ဘယ်လိုရုန်းကန်
နေရတယ် ဆိုတာ ကိုယ်တိုင် သိမြင်လာရင်
မဆင်းရဲအောင် ကြိုးစားရတော့မှာပေါ့ ။
.
..☆..

Friday, April 21, 2017

Candles stand at Shwedagon Pagoda part 2

.
 ရွှေတိဂုံစေတီရင်ပြင်ပေါ်က စဥ့်ဆီမီးတင်ခုံ၏ မူလအစ 
( အပိုင်း ၂ ) 
.












  ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်မှာ ဆီမီးတင်ခုံကို စဥ့်ထည်များဖြင့်
ပြုလုပ်ရန် ရှိလာတော့ တာဝန်ယူ လုပ်ဆောင်ပေးရမဲ့ ရွှေဘိုကျောက်မြောင်း
က စဥ့်လုပ်ငန်းရှင် ဦးသိန်းညွန့် အနေနဲ့  ရန်ကုန်မြို့ က အဆောက်အဦးတစ်ခု
မှာ အသုံးပြုဖို့ အတွက် စဥ့်ပြားတွေ လုပ်ပေးခဲ့ဘူးတဲ့အတွေ့ အကြုံသာရှိပါတယ်။
ရွှေတိဂုံစေတီရင်ပြင် အတွက် ပြုလုပ်ပေးရမှာဖြစ်လို့  မြန်မာမှုလက်ရာ
ကနုတ်ပန်းတွေ ၊ ဖောင်းကြွရုပ်စုံတွေ ထည့်သွင်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လေ့လာရန်လိုအပ်သော ကနုတ်ပန်းလက်ရာ ဒီဇိုင်းပုံစံများကို  မြန်မာမှုပညာရှင်
ဆရာကြီး ဦးအေးမြင့် က မျှဝေချီးမြင့်ပေးပါသည် ။
  သို့ သော် စဉ်ုပြား၊ စဥ့်လုပ်ငန်းသာ ကျွမ်းကျင်ပြီး မြန်မာမှု ဒီဇိုင်းအခြေခံပညာ ၊
ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဗိသုကာပညာ အတွေ့ အကြုံ နည်းပါးသဖြင့်
စဥ့်ပြားများကို စတင်လုပ်ကိုင်ရန် အကြံပြု တာဝန်ပေးဘူးသော မိတ်ဆွေဖြစ်သူ
ဗိသုကာ ဦးလှကျော် နှင့် တိုင်ပင်ဆွေးနွေးရန် ဖြစ်လာပါသည် ။
  မြန်မာပြည်၏ စဥ့်လုပ်ငန်းသမိုင်းသည် နှစ်ပေါင်း တစ်ထောင်ကျော် ရှိလာပြီ
ဖြစ်သော်လည်း သုတေသနဆိုင်ရာလေ့လာမှုများ ၊ စာတမ်းများသည် အတော်
နည်းပါးပါသည် ။ ငွေကြေးရံပုံငွေ အခက်အခဲကြောင့်လည်းဖြစ်နိုင်ပါသည်။
  သို့ ဖြစ်၍ လုပ်ငန်းအထောက်အကူပြုရန် လေ့လာရေးခရီးတစ်ခုစီစဉ်ရပါသည် ။
မြန်မာပြည်၏ စဥ့်လုပ်ငန်းသမိုင်းသည် ပျူခေတ်ကာလကတဲကရှိနေပါသည်။
သို့ သော်သွားရောက်လေ့လာရန် အခြေအနေမပေး၍ ပုဂံမြို့ ဟောင်းတွင်လေ့လာ
ရန်ဖြစ်လာပါသည်။
  ပျူခေတ်နှောင်းသည် ပုဂံခေတ် အစဖြစ်ပါသည် ။
ပုဂံမြို့ ဟောင်းတွင်  စေတီတစ်ဆူလုံးကို စဥ့်ရည်သုတ်အုပ်များဖြင့်တည်ဆောက်
ခဲ့သော စေတီ ကြီး ငယ် များစွာရှိပါသည် ။
.


ပုဂံဘုရားဖူး သွားကြသူတိုင်း အာနန်ဒါစေတီ ၊ ဂေါတော့ပလ္လင်စေတီ ၊ သဗ္ဗိညုစေတီ
စသည့်စေတီ များသို့ အရောက်သွားကြသော်လည်း ထိုစေတီများ အလယ်တွင် စဥ့်အုပ်
များဖြင့်သာ တည်ဆောက်ထားသော သံပြား ၃ ဆင့်ပတ်ကာ ထိမ်းသိမ်းထားသော
စေတီကြီး တစ်ဆူ ရှိနေသည်ကို မြင်မိသော်လည်း သိမသွားကြပါ။
  ဘုရားဖူးများ အရောက်များသော အာနန်ဒါစေတီ၏ အပြင် နံရံ ( ဗိသုကာ အခေါ်
စိန်တောင် ) များတွင် စဥ့်ပြားမျာ ၊ဖောင်းကြွရုပ်ပုံများပြုလုပ်ထားသော စဉ်ပြားများ ၊
စေတီအပေါ်မှ ရေများစီထွက်ရန်အတွက် ပြုလုပ်တပ်ဆင်ထားသော စဥ့်ပိုက်များကို
ရှင်းပြမည့်သူမရှိလျှင် မသိနိုင်တော့ပါ ။
  ပုဂံမြို့ ဟောင်းတွင် ၅ ရက်ခန့် အချိန်ယူကာ ကျောက်ဆစ်ရုပ်ထွင်းများ၊ ပန်းတမော့
လက်ရာများ ၊ ကျောက်ဆစ်ပန်းကနုတ်လက်ရာများ၊ စဥ့်ဖောင်းကြွရုပ်ပုံများကို လေ့လာ
မှတ်တမ်းတင်ခဲ့ကြပါသည် ။ ထို့ နောက် ဆရာကြီးဦးအေးမြင့်၏အယူအဆ များဖြင့်
ပေါင်းစပ်ကာ ရွှေတိဂုံစေတီ ရင်ပြင်ပေါ်တွင် စဥ့်ဆီမီးတင်ခုံ လုပ်ငန်းကို အောင်မြင်စွာ
ပြုလုပ်နိုင်ခဲ့ပါသည် ။
  သို့ သော် နှစ် တစ်ထောင်ကျော် ခိုင်ခံ့သည်ဆိုသော စဥ့်ပြားများဟု ရေးသားပြောဆို
ခဲ့သောလည်း ယခုအချိန်တွင် ရွှေတိဂုံစေတီရင်ပြင်ပေါ်ရှိ စဥ့်ပြားအချို့ စဥ့်အလွှာများ
ကွာနေသည်ကိုတွေ့ ရနိုင်ပါသည် ။
  အလားတူပင် နောက်ပိုင်းတွင် တည်ဆောက်ခဲ့သော ၊ အဆောက်အဦးတစိခုလုံးကို
စဥ့်ပြားများဖြင့်သာ ဆောက်လုပ်ခဲ့သော ကုံလုံဆရာတော်၏ဂူဗိမာန် ရှိ စဥ့်ပြားအချို့ လည်း
စဥ့်အလွှာများ ကွာနေသည်ကို တွေ့ ကြရပါလိမ့်မည် ။
.

















.
  စဥ့်အလွှာများကွာရခြင်းမှာအသုံးပြုသော ပစ္စည်းများ၏ သန့် စင်မှု များနှင့်သက်ဆိုင်
ပါသည် ။ နည်းပညာအခက်အခဲဟု သတ်မှတ်နိုင်ပါသည် ။
ရွှေတိဂုံစေတီရင်ပြင်တွင်ပြုလုပ်မည့် စဥ့်ထည်များကို ရန်ကုန်မြို့ ရှိ ကြွေထည်မြေထည်
စက်ရုံတွင် ပြုလုပ်ရန် စဉ်းစားခဲ့ဘူးပါသည် ။ ရွှေဘို ကျောက်မြောင်း အရပ်တွင်ပြုလုပ်
ပြီးမှ ရန်ကုန်မြို့ သို့ သယ်ယူသောဝန်ဆောင်ခ သည်လည်းအလွန်များပါသည် ။
ခေတ်မမီသော စဥ့်ပညာရှင်နှင့် တိကျသေချာသော ကြွေထည်မြေထည်စက်ရုံက ပညာရှင်
များ လုပ်ငန်းသဘာဝအရ လေ့လာ ညှိနိုင်း တိုင်ပင် စမ်းသပ်ရန် အချိန်များစွာ ထပ်မံပေးရန်
လည်း အခက်အခဲရှိနေပါသည် ။
   ထို့ ကြောင့် ရွှေဘိုကျောက်မြောင်း လုပ်ငန်းခွင်များတွင်သာ ပြုလုပ်ရန်ဖြစ်လာပါသည်။
ထိုအခါ နေ့ စဉ်တူးယူ သုံးစွဲသော ရွံ့ များသည် ဖြစ်ရေအတက်အကျ အပေါ်မူတည်ပြီး
သန့် စင်မှု ၊ ရွံ့ အရည်အသွေး မတူနိုင်ပါ ။ ဖြစ်ရေကိုသာ ခပ်ယူသုံးစွဲရသည်ဖြစ်၍
ရေ၏ သန့် စင်မှု အရည်အသွေးသည်လည်း ပုံမှန် မဖြစ်နိုင်တော့ပါ ။
  အသုံးပြုသော ရွံ့ များတွင် ဓါတု ပစ္စည်းများပါဝင်နိုင်သလို စဥ့်ရည်ဖျော်ရာတွင်သုံးသော
ရေများတွင်လည်း ဆီများ၊ ဓါတုပျော်ဝင်ရည်များ ရောစပ်ပါလာနိုင်ပါသည် ။
မီးဖုတ်ရာတွင်အသုံးပြုသောထင်းအမျိုးအစား မတူညီခြင်း ၊ အစိုဓါတ်ပမာဏ များကြောင့်
လည်း သက်ဆိုင်နေပါသည် ။
ထို့ ကြောင့် အချို့ သောစဥ့်အလွှာများ၏ စေးကပ်မှု မတူညီနိုင်တော့ပေ ။




Thursday, April 20, 2017

Daw Khin Hla Tin story

.
စာစောင်များမှ ဖတ်ခဲ့ဘူးသော ဒေါ်ခင်လှတင် အကြောင်း ။
.












.
     မြန်မာပြည်တွင် တစ်ချိန်တုံးကဆိုရင် ဓမ္မစာပေ များသင်ယူလေ့လာလိုပါက
ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များတွင်သာ သင်ယူရသည်ကများပါသည်။
စာချဆရာများသည် သံဃာတော် ဆရာတော်များသာဖြစ်ပြီး စာချသီလရှင် မရှိ
သလောက် ရှားပါသည်။
  စာဝါလိုက် သံဃာ သီလရှင်များသည် ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များသို့ 
သွားရောက်သင်ယူရပါသည် ။ စာဝါလိုက်ရာတွင် ကြမ်းပြင်တွင် မှောက်၍ စာကူးယူရပါသည် ။ စာရေးနိုင်သော စားပွဲငယ်မထားရှိသည်ကများပါသည် ။
ထိုစဉ်က စာဝါလိုက်သော လူပုဂ္ဂိုလ် အမျိုးသားများသာရှိပြီး အမျိုးသမီးဦးရေ လွန်စွာ
နည်းပါးပါသည် ။
   ဒေါ်ခင်လှတင် အနေဖြင့် ကံကြမ္မာ အကျိုးပေးကောင်း၍ ဓမ္မစာပေ များကို သင်ယူခွင့်
ရခဲ့သလို စာမေးပွဲ များတွင်လည်း ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့ပါသည်။
  ထိုမှတဖန် အခြေအနေပေး၍ လေ့လာသင်ယူခဲ့သော ဓမ္မစာပေများကို ပြန်လည်
သင်ပေးပို့ ချခွင့်များ ရလာပါသည် ။ ထိုစဉ်အခါက အမျိုးသမီးစွမ်းဆောင်ရှင်များ၊
စွန့် ဦးတီထွင်သူများ စသည့် အသုံးအနှုန်း ခေတ်မစားသေး၍ အမျိုးသမီးစွမ်းဆောင်ရှင်
တစ်ဦးအနေဖြင့် သတ်မှတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါ ။
   အခြေအနေအရ ဓမ္မစာပေများကို ယခုခေတ်စာသင်ခန်းများကဲ့သို့  စားပွဲကုလားထိုင်
များဖြင့် စနစ်တကျသင်ပေးလာသောအခါ  စိတ်ဝင်စားသူ လူပုဂ္ဂိုလ်များ သင်ယူလေ့လာမှု
များလာပါသည် ။ ထိုအထဲတွင် ဌာနဆိုင်ရာအကြီးအကဲများ အရာရှိကြီးများလည်း လာရောက်
သင်ယူကြပါသည် ။
   တစ်နေ့ တွင် မဂ္ဂဇင်းစာစောင် ၂ ခုတွင် ဝေဖန်ရေး ဆောင်းပါး ၂ ပုဒ် ဖတ်ခဲ့ရပါသည်။
လှပသောအမျိုးသမီးငယ် ( တကယ်ပါ ) တစ်ဦးကို အသက်အရွယ်အားဖြင့်သော်၎င်း ၊
ရာထူးအားဖြင့်ဖြင့်သော်၎င်း ၊  ကြီးမြင့်သူများက အပြန်အလှန် လက်အုပ်ချီနေကြခြင်း ကို
 ဝေဖန်ရေး လာကြပါသည် ။
.













ဓမ္မစာပေသင်တန်းတွင် ဆရာမကို သင်တန်းသားများက မင်္ဂလာပါ ဟု အပြန်အလှန်
လက်အုပ်ချီကာ နုတ်ဆက်နေကြခြင်းကို ဝေဖန်ရေးသားခြင်းဖြစ်ပါသည်။
  ထိုဆောင်းပါးဖော်ပြပြီး နောက်တစ်လတွင် ပြန်လည်ဖြေရှင်း ရေးသားသော ဆောင်းပါး
များ စာစောင်များတွင် ဖတ်ရပြန်ပါသည် ။
ယဉ်ကျေးမှုအရ ၊ မင်္ဂလာတရားအရ နုတ်ဆက်ခြင်းသာဖြစ်ကြောင်း ဆရာမ ခန္ဓာကိုယ်ကို
လက်အုပ်ချီခြင်းမဟုတ် ၊ ဆရာမတွင်ရှိနေသော ဓမ္မတရားတော်များကို ရိုသေလေးစာမှု
ဖြင့် ပြုမူခြင်းဖြစ်ကြောင်း ဖြေရှင်းတုန့် ပြန်ကြပါသည်။
  ကောင်းမြတ်သောအပြုအမူ တစ်ခုကို မသိ နားမလည်သူက ဝေဖန်ခြင်းသာဖြစ်ပါသည်။
မင်္ဂလာရှိပြီး အပြန်အလှန် မေတ္တာပို့ သ ပြီးဖြစ်စေသည့် အပြုအမူဖြစ်ပါသည်။ 
သို့ သော် တစ်ခေတ် တစ်ချိန်၌ အုပ်ချုပ်သူလူတန်းစားကို အုပ်ချုပ်ခံများက လက်အုပ်ချီ
ကြိုဆိုရမည်ဟု လွဲမှားသော အယူအဆ တစ်ခု သွတ်သွင်းခံခဲ့ရဘူးပါသည်။
  ယခုအခါတွင် ဓမ္မစာပေများကို သင်ပေးပို့ လျသော ဆရာမများ မြန်မာပြည်တွင်း တွင်မက
နိုင်ငံတကာ၌္ဋပါ များစွာ တွေ့ မြင်လာရပြီ ဖြစ်ပါသည် ။
  မိမိ၏ မိတ်ဆွေအပေါင်းအသင်းများတွင် ဆရာမ ဒေါ်ခင်လှတင်၏ စေသနာ မေတ္တာဖြင့်
ပြည်ပသို့ လာရောက်ပြီး  သင်ပေးပို့ ချသော အဘိဓမ္မာ နှင့် ပဌာန်းပါဠိတော်များ သင်ယူ
 လေ့လာခွင့်ရရှိပြီး အဘိဓမ္မာ စာမေးပွဲ များတွင်လည်း ၀င်ရောက်ဖြေဆို အောင်မြင်နေကြပြီ
သိရ၍ ဆရာမ ၏ ဂုဏ်ကျေးဇူးကို မှတ်တမ်းတင်ဂုဏ်ပြုရင်း ဤစာကို ရေးသားလိုက်ပါသည်။
ဆရာမ အနေဖြင်း အသက်ရှည်ကြာ ကျန်းမာစွာဖြင့် သာသနာပြုလုပ်ငန်း ပိုမို ဆောင်ရွက်
နိုင်ပါစေ ။ ။

Friday, April 14, 2017

Last days of N. Korea President .

.














    လိုအပ်လျှင် အင်အားသုံးဖြေရှင်းမည်ဟူသော ကြွေးကြော်သံဖြစ် အမေရိကန်
စစ်သင်္ဘောတစ်စီး အဆင်သင့်ဖြစ်နေပါပြီ ။
မြောက်ကိုးရီးယားနိုင်ငံ ကလည်း အပြင်းထန်ဆုံး လက်တုန့် ပြန်မည်ဟု စိမ်ခေါ်
လိုက်ပါပြီ ။
မည်သူ နိုင်မည် ၊
မည်သည့် လက်နက်များ ပို၍ အစွမ်းထက်သည် တို့ ကို အဓိကထားမရေးလိုပါ ။
ပေးထားသော ခေါင်းစဉ် မှန်ကန်ကြောင်းကိုသာ ဆက်လက်ရေးပါမည် ။
  တရုပ်ရိုးရာ အဆိုအမိန့် တစ်ခုရှိပါသည် ။
မျိုးဆက်ပေါင်းများစွာကို အခြေခံလေ့လာထားခြင်းဖြစ်၍ လက်ခံ ယုံကြည် ကျင့်သုံးသူ
များပါသည် ။
  မိုးလေ၀သ ခန့် မှန်းသည်နှင့် ဆင်တူပါသည် ။
ကျွမ်းကျင်သူပညာရှင်တစ်ဦးအနေဖြင့် မည်သည့်နိုင်ငံတွင် ရောက်နေသည်ဖြစ်စေ
တွေ့ ရှိသော အချက်အလက်များကို အခြေခံပြီး ရာသီဥတု အခြေအနေများကို
အနီးစပ်ဆုံး မှန်အောင် ခန့် မှန်းနိုင်ပါသည် ။
  တရုပ်ရိုးရာ အဆိုအမိန့် မှာ  လူတစ်ယောက် မည်မျှပင် ချမ်းသာနေသော်လည်း
ထို ချမ်းသာခြင်း၏ အကျိုးဆက်ကို မျိုးဆက် ၃ ဆက် ထက် ပိုမခံစားနိုင် ဟု
ဆိုပါသည် ။
  တနည်းအားဖြင့် လူတစ်ယောက် မည်မျှပင် ဆင်းရဲ နွမ်းပါးနေပါစေ ၊
မျိုးဆက် ၃ ဆက် ထက်ပို၍ မဆင်းရဲနိုင် ဟု ဆိုနိုင်ပါသည် ။
  ထို အယူအဆသည် ကမ္ဘာပေါ်ရှိ လူသား အားလုံးအတွက် ဖြစ်နိုင်ပါသည် ။
မြန်မာပြည် လွတ်လပ်ရေးရပြီးစ ကာလ တွင် အိမ်ခန်း ၉၉ ခုပိုင်ဆိုင်သူ တစ်ဦး ရှိခဲ့ဘူး
ပါသည် ။ အိမ်ခန်း ၁၀၀ မပြည့်ခြင်းမှာ ဥပဒေအရ မည်သူမျ နေအိမ်ခန်း ၁၀၀ ပိုင်ဆိုင်
ခွင့် မရှိသောကြောင့် ဖြစ်ပါသည် ။
ယခုအချိန် မြေးများလက်ထက်တွင် ပျဉ်ထောင်အိမ် တစ်လုံးသာကျန်ပါတော့သည် ။
မိမိတို့ ၏ ပတ်ဝန်းကျင်ကို သတိထားလေ့လာလျှင် ဤကဲ့သို့ အဖြစ်အပျက်မျိုးကို
တွေ့ မြင်နိုင်ပါလိမ့်မည် ။
  ထို အယူအဆ အရ မြောက်ကိုးရီးယား သမတ ၏ မျိုးဆက်ကို လေ့လာကြည့်ပျှင်
ယခုအခါ တတိယ မျိုးဆက် သို့  ရောက်ရှိနေပြီဖြစ်ပါသည် ။
နောက်ဆုံး မျိုးဆက်ဖြစ်သွားနုင်ပြီး အစိုးရ အသစ် ထွက်ပေါ်လာရန်ရှိသည် ။
မြောက်ကိုးရီးယားပြည်သူများ၏ ဆင်းရဲကြပ်တည်းမှုများသည်လည်း ပပျောက်ရန်
လမ်းစပေါ်လာပြီ ဖြစ်ပါသည် ။မျှော်လင့်ခြင်းရောင်ခြည်တန်းလာတော့ပါမည် ။
လက်ရှိအခြေအနေကို လေ့လာလျှင်
အမေရိကန်၏ အရင်းအနှီးမှာ စစ်သင်္ဘောကြီး တစ်စီးသာ ဖြစ်ပါသည် ။
မြောက်ကိုးရီးယား သမတ မည်သည့်နေရာတွင် ရောက်ရှိနေမည်ကို သိရှိနိုင်ရန်
မခက်ခဲပါ ။
မြောက်ကိုးရီးယားဒုံးကျည်များ လေထုအပေါ် တက်လာနိုင်သော်လည်း လိုရာသို့ 
ရောက်ရှိသွားရန် မသေချာပါ ။
ထိုအခြေအနေများကြောင့် မြောက်ကိုးရီးယား အနေဖြင့် အလွယ်တကူ ဆုံးဖြတ်ပြီး
စွန့် စားမည်မထင်ပါ ။
အမေရိကန် စစ်သင်္ဘောများ အချိန်အတော်ကြာ ရှိနေပါတော့မည် ။
.
   မြန်မာပြည်၏ မင်းဆက်သည်လည်း ၃ ဆက်တိုင်ဖြစ်လာပြီဖြစ်ပါသည် ။
အမှန်တကယ် ပြောင်းလဲလာပါတော့မည် ။
နှစ်သစ်မှစ၍ စည်းကမ်းရှိစွာ နေထိုင် ကျင့်ကြံခြင်းဖြင့် မိမိတို့ ၏ ဘ၀တိုးတက်မှု
များ ရရှိခံစား ရစေရန် ကြိုးစားကြပါစို့  ။
.





Saturday, March 18, 2017

Candles stand at Shwedagon Pagoda

 .
 ရွှေတိဂုံစေတီရင်ပြင်ပေါ်က စဥ့်ဆီမီးတင်ခုံ၏ မူလအစ
-----------------------------------------------------------------------------------------
( အပိုင်း ၁ )
.













 
.
၈၈ အရေးအခင်း နောက်ပိုင်းမှာ တပ်မတော်က အာဏာသိမ်းပြီး
ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့တဲ့ကာလ တစ်ခုမှာဖြစ်ပါတယ် ။
ည ၁၀ နာရီကနေ မနက် ၅ နာရီ အထိ ညမထွက်ရတဲ့အချိန်မှာ
ရန်ကုန်မြို့ လယ်က လမ်းသွယ်တစ်ခုထဲကို စစ်ရောင် ကားတစ်စီး
ဝင်လာပါတယ် ။ အင်္ဂလိပ်ခေတ်လက်ကျန် ၆ လုံးထိုးယာဉ် ဖြစ်ပါတယ်။
ည ၇ နာရီလောက်မှာ စစ်ကားတစ်စီးဝင်လာတယ်ဆိုတော့ လမ်းထဲက
လူအတော်များများစိတ်ဝင်တစား အကဲခတ်နေကြပါတယ် ။
ဘယ်အိမ်က ၊ ဘယ်သူ ၊ ဘာများဖြစ်လို့ လဲပေါ့ ။
လမ်းလယ်မှာကားရပ်၊ လူတစ်ယောက် ဆင်းလာပြီးတိုက်ခန်းတစ်ခုရဲ့ 
အပေါ်ထပ်ကိုတက်သွားတာမြင်ရတော့ အာအိုင်တီကျောင်းဆင်း တစ်ယောက်
အဲဒီအပေါ်မှာ နေတာ သိတဲ့လူအချို့ က လာဖမ်းတယ်လို့ ဘဲထင်ကြတာပေါ့ ။
အာအိုင်တီကျောင်းဆင်း တွေကို အဲဒီလောက် အထင်ကြီးကြတယ် ။
သိပ်မကြာပါဘူး ၊ မျက်မှန်နဲ့ လူရွယ်တစ်ယောက် လိုက်ပါလာပြီး ကားပေါ်
တက်သွားတယ်ဆိုတော့ သေချာပြီပေါ့ ။
.
တကယ်တော့ ကားနဲ့ ပါလာတဲ့လူက ရွှေဘို ကျောက်မြောင်းက စဥ့်လုပ်ငန်း
ပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်က တာဝန်ယူ
လုပ်ကိုင်နေတဲ့ ရွှေတိဂုံစေတီဘက်စုံပြုပြင်ရေးလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ဖို့ 
တာဝန်ပေးခံရတော့ ရန်ကုန်ဆင်းအလာ ၊ တစ်ဦးတည်းသော ရန်ကုန်နေ
မိတ်ဆွေနဲ့ တွေ့ ချင်လို့  ကားအကူအညီတောင်းတာ ဒုတိုင်းမှူးရဲ့ လိုအပ်တာ
လုပ်ပေးပါဆိုလို့  ဆီစားများတဲ့ ၆ လုံးထိုး ကားဟောင်းတစီးစီစဉ်ပေးလိုက်တာပါ ။
သူတို့ နှစ်ယောက် အဲဒီကားနဲ့  လမ်းထိပ်ကိုသွား၊ ကားကို အဆင်ပြေတဲ့
နေရာမှာရပ်ခိုင်းပြီး ည ၉ နာရီလောက်အထိ ဖွင့်တဲ့ လက်ဘက်ရည်ဆိုင်ကို

သွားကြပါတယ် ။ ရန်ကုန်မြို့ လယ်ကအိမ်တွေကကျဉ်း ၊ ညဘက်လဲဖြစ် ၊ စကား
ပြော မလွတ်လပ်မှာစိုးလို့ လက်ဘက်ရည်ဆိုင်မှာ သွားပြီးပြောဆိုတိုင်ပင်ကြပေါ့ ။
.
သူတို့ နှစ်ယောက်စသိကြတဲ့အကြောင်းက ရန်ကုန်မှာနေတဲ့သူက ဆောက်လုပ်ရေး
လုပ်ငန်းလုပ်ကိုင်ပါတယ် ။ သူဆောက်လုပ်တဲ့ အဆောက်အဦးမှာ ပြည်ပကလာတဲ့
ကြွေပြားတွေမသုံးဘဲ ပြည်တွင်းဖြစ် စဉ်ပြားတွေသုံးချင်တာနဲ့  တွံတေးက အိုးလုပ်ငန်း
လုပ်တဲ့ နေရာမှာသွားစုံစမ်း ၊ အဲဒီမှာ မြေထည် ရွံ့ ထည်တွေဘဲ လုပ်တယ်ဆိုတော့
သူတို့ လမ်းညွှန်တဲ့ တောင်ငူ ပျဉ်းမနား ဘက်ကို ထပ်သွား ၊
အဲဒီမှာ စဥ့်ထည် လုပ်ပေမဲ့ ဘုရားပန်းအိုးနဲ့ ဆေးလိပ်ပြာခွက်လောက်တာ လုပ်ကြ
တယ်ဆိုတော့ နောက်ဆုံးမှာ စဥ့်အိုးကြီးတွေလုပ်တဲ့ ရွှေဘိုကျောက်မြောင်း ဘက်ကို
ထပ်သွားရပြန်တာပေါ့ ။
မန္တလေးဘူတာမှာတွေ့ ရတဲ့ စဥ့်ရုပ်လေးတွေရောင်းတဲ့ သူတွေကတဆင့် စဥ့်လုပ်ငန်း
လုပ်တဲ့နေရာ ရောက်သွားတာပေါ့ ။ မိသားစု စဥ့်လုပ်ငန်းလုပ်တဲ့ စဥ့်ဖိုအလုပ်ရုံငယ်
လေးပါဘဲ ။ စဉ်းပြားတွေကောင်းကောင်းမလုပ်ဘူးတော့ စမ်းသပ်ရတာပေါ့ ။
၉ လက်မပတ်လည် စဥ့်ပြား တစ်ပြားရဖို့  အနည်းဆုံးတစ်လက်မ အထူရှိမှအဆင်ပြေ
မှာဖြစ်တယ် ။ ရွှံ့ ပြားကို မီးဖုတ်ရတာဆိုတော့ ပါးရင် အလယ်မှာ ဖောင်းတက်လာ
တတ်တော့ အထူ ၁ လက်မ လောက်ထူမှ အဆင်ပြေမှာဖြစ်တယ် ။
၁ လက်မအထူဆိုတော့ ဆောက်လုပ်ရေး လုပ်ငန်းအတွက် အဆင်မပြေ ၊
နောက်တော့ ပလာစတာပြားမှာ စဥ့်ရည်သုတ်မှ စဥ့်ပြားအပါးတွေရမယ်ဆိုတာ
သိလာပါတယ် ။
ဒီလိုနဲ့  ရန်ကုန်မရောက်ဘူးတဲ့ ရွှေဘို ကျောက်မြောင်း သားကြီး ( ကိုသိန်းညွန့်  )
လည်းရန်ကုန်ရောက် ။ လိုအပ်တဲ့ ဓါတုဆေးတွေ ၊ ပလာစတာအမှုံ့ တွေ ရှာဝယ်ပေး ၊
နောက်ပိုင်းမှာ ရန်ကုန်ရောက်ရင် တွေ့ ရမဲ့ မိတ်ဆွေ ဖြစ်သွားကြတာပေါ့ ။
.
လက်ဘက်ရည်ဆိုင်မှာထိုင်ရင်း ရွှေတိဂုံစေတီရင်ပြင်မှာ လုပ်ရမဲ့အလုပ်အတွက် သူတို့ 
၂ ယောက် ပြောဆိုတိုင်ပင်ကြတာပေါ့ ။
စဥ့်ဆီမီးတင်ခုံ တွေကို မြန်မာပြည်မှာ လုပ်လေ့မရှိဘူးတဲ့ အလုပ်လည်းဖြစ်ပါတယ်။
စဥ့်ဆီမီးတင်ခုံ ပြုလုပ်သင့်ကြောင်း အကြံပြုတာက မြန်မာမှုဒီဇိုင်းပညာရှင် ဦးအေးမြင့်
ဖြစ်ပါတယ် ။ အဲဒါနဲ့ စဥ့်လုပ်ငန်းလုပ်နိုင်မဲ့သူကို ရှာကြတော့ ရွှေဘိုကျောက်မြောင်းက
စဥ့်ပြားလုပ်ဘူးတယ်ဆိုတဲ့ ဦးသိန်းညွန့် ကို တာဝန်ပေး ။ လုပ်ငန်းက နဲနဲကြီးတော့
ရန်ကုန်မှာနေတဲ့ သူ့ မိတ်ဆွေဆီကို ရောက်လာရပြန်တာပေါ့ ။

ဆရာဦးအေးမြင့်ဆီက မြန်မာမှုကနုတ်ပန်းလက်ရာပုံစံ အတော်များများရလိုက်ပေမဲ့
စာရွက်ပေါ်ကအမြင်နဲ့ လက်တွေ့ အမြင်မတူညီနိုင်တာရယ် ၊ မြန်မာမှုဆိုတာကို
သေသေချာချာ ပိုမိုသိရှိနားလည်အောင် လေ့လာစေခြင်တာရယ် ၊
ထုသွင် နဲ့ အချိုးအစား နဲ့ ပတ်သက်တဲ့ ဗိသုကာအမြင်တွေကို သိစေခြင်တာနဲ့ 
အလှမ်းမမှီတဲ့ ပျူခေတ်ကို ချန်ပြီး ပုဂံခေတ်ကို သွားလေ့လာကြတာပေါ့ ။
ပုဂံခေတ်မှာ စဥ့်ပြားတွေ စတင်အသုံးပြုနေပြီဖြစ်ပါတယ် ။
ပုဂံမြို့ ကို ၅ ရက်ကြာလေ့လာဖို့  သွားကြတာပေါ့ ။ ရန်ကုန်မှာနေသူက ပုဂံခေတ်အကြောင်း
အတော်အတန်သိနေတာလည်းပါတယ်လေ ။
 

.
( အပိုင်း ၂ ဆက်ရေးပါမည် )

Friday, March 17, 2017

the winner of Myanmar Idol



 မြန်မာ အိုင်ဒေါလ် ပြိုင်ပွဲမှာ ဘယ်သူဆုရမှာလဲ ???


Wednesday, March 15, 2017

secret of the ancient city Bagan


















" ဘုရား ပစ္စည်း အဆိပ်သီး  "
.
 ပုဂံမြို့ ဆိုလျှင် ကမ္ဘာ သိ ထင်ရှား နေပါပြီ  ။
သို့သော် ပြည်တွင်းမှ လူများပင် သတိ မမူမိသောအချက်များ စေတီ ပုထိုး အချို့ တွင် ရှိ ပါသည် ။
ဂူကျောင်းပုံ စေတီ များ တွင် အများအားဖြင့်  အရပ်လေးမျက်နာ အတိုင်း မုခ်ပေါက်လေးပေါက်
 ပြုလုပ်ထား ရှိကြပါသည် ။ ယခုခေတ် ကာလတွင်မူ အရပ် ရှစ်မျက်နှာ အတိုင်း မုခ်ပေါက်ရှစ်ပေါက်
ပုံစံ ကိုလည်း တည်ဆောက်  လာကြ ပါသည် ။
   ပုဂံ ရှိ စေတီ ပုထိုး များ တွင်လည်း ဝင်ပေါက် လေးဖက် ပြုလုပ်ထား သည်က များ ပါသည် ။
ထိုအထဲတွင် မုခ်ပေါက်ငါးပေါက် ပြုလုပ်ထားသော စေတီ အချို့ရှိ ပါသည်။ ရောက်ဖူးသူများသော်လည်း
သတိမမူ မိသူလည်း များ ပါသည် ။ အထင်ရှား ဆုံးမှာ" ဓမ္မာရာဇိက စေတီ " ဖြစ်ပါသည် ။
စေတီကြီး တစ်ဆူ ဖြစ်သောကြောင့် မုခ်ငါးမုခ် တည်ရှိနေမှုကို ဘုရားဖူး များ ရင်ပြင် ပတ်လည်လှည့်လည်
သည့် အခါ ဖူးနေကြ စေတီ ရင်ပြင် နှင့် မတူဘဲ မုခ် ပေါက် တစ်ခု နှင့် တစ်ခု နီးကပ်နေသလို ခံစားမိ ကြ ပါသည် ။
   နောက်တစ်ဆူမှာ " သံတော်ကြား စေတီ " ဖြစ်ပါသည် ။ ကပ်ကျော်စေတီ ဟုလည်း ခေါ်ကြ ပါသည် ။
ပုဂံ မှ ညောင်ဦးသွားသော ကားလမ်းဘေး ညာဘက်၊  ဦးပါလိသိမ် ကျောင်းရှေ့  ထီးလိုမင်းလိုစေတီ အနီး 
တွင်ရှိပါသည် ။ " အာနန်ဒါ စေတီ  "မှ  " ထီးလိုမင်းလို စေတီ " သို့ လမ်းလျှောက်ဘုရားဖူးသူများသည်
လမ်းကြော  အနေအထားအရ   သံတော်ကြား စေတီရှေ့တွင် အနည်းငယ် ကွေ့ ကြရပါသည် ။
သို့သော် စေတီငယ် တစ်ဆူ ဖြစ်သောကြောင့် လည်း သတိ မထားမိ ကြပါ ။
မုခ်ငါးမုခ် တည်ဆောက်သည့် ရည်ရွယ်ချက် မှာ နောက်ပွင့်မည့်ဘုရား ကိုရည်စူးပြီးပူဇော်ခြင်း ဖြစ်ပါသည်။
ထို့အပြင် မုခ်လေး မုခ် ရှိသော စေတီကြီး များ၏ အရှေ့ ဘက်မုခ် ကို အာရုံခံ တန်ဆောင်း အဖြစ် ပိုမို ထင်ရှား  အောင်လည်း  တည်ဆောက် ထားကြ ပါသည်  ။
အဝေး မှ ကြည့်လျှင် ပိုမိုရှည်သော မုခ်ဆောင် ရှိသောအရပ်သည် အရှေ့ ဘက် ဟု အလွယ် သိမြင်နိုင်ပါ သည် ။
    နောက် ထူးခြားချက်မှာ " ဘုရားကျိန်စာ "များဖြစ်ပါသည် ။ တစ် ပြည်လုံး ရှိ ဘုရား စေတီ များအနက်
ပုဂံမြို့ ရှိစေတီ ပုထိုးများ တွင်သာရှိမည်ထင်ပါသည် ။ တိုက်ဆိုင် မှု တစ်ခု ကို ရေးပါ ဦးမည်။
    ဓမ္မရာဇိက စေတီတွင် ကျောက်တစ်လုံးကို ထုလုပ် ပူဇော်ထားသော ရုပ်ပွားတော် တစ်ဆူရှိပါသည် ။
 ရေသပ္ပါယ် နိုင်ရန် အတွက် အောက်ခြေ ပလ္လင်ပေါ်တွင် ရေစီးမြောင်းငယ် ကို ထုထွင်းထားပါသည် ။
ကိုယ်လုံးတော်ကို ရေသပ္ပါယ်သည့်အခါ စီးကျလာသောရေများ တစ်နေရာထဲတွင် ပြန်လည်စုဆောင်း
နိုင်သကဲ့သို့  ဖြစ်နေပါသည် ။
 မိုးခေါင်သော အခါ သို့မဟုတ် ကဆုန်လပြည့် နေ့ များတွင် ရေသပ္ပါယ် ပူဇော်လေ့ ရှိပါသည် ။ 
ထို ရုပ်ပွား တော် ကို ဆုတောင်းပြည့် သည် ဟု လည်း ယုံကြည် ကြသည် ။
သို့သော် တစ်ချိန်တွင် အကြီးအကဲ တစ်ယောက် ၏ ကြေးသွန်း ရုပ်ပွားတော်တစ်ဆူကို ကျောက်ဆင်းတု ကိုယ်တော်နေရာတွင် ရွှေပြောင်းပူဇော် ကြပါ သည် ။
 နှစ် မကြာမီ မှာပင် အဆိုပါ အကြီး အကဲ လဲ ရာထူး မှ ဖယ်ရှား ခံရပါသည် ။
 ၁၉၈ဝ ခုနှစ် ရှေးပိုင်း ကာလ အထိ ပုဂံ မြို့ဟောင်း တွင်နေထိုင်သူ တို့၏ စားဝတ် နေရေး မှာ အဆင်ပြေ လှသည် မဟုတ်ပါ ။ ကာလ ဒေသ အခြေအနေအရ ဟုဆိုနိုင်သော်လည်း ရှေးဟောင်း စေတီ ပုထိုးများ
ပြန်လည် တူးဖော် ပြင်ဆင်ရန် အတွက် လုပ်ကိုင်လာသော အခါတွင် ဖယ်ရှားလိုက်သော အိမ်ခြေ
မြေနေရာများ အောက်မှ စေတီ ပုထိုး  များစွာ ထွက်ပေါ်လာပါသည် ။
 "  မဟာဗောဓိ စေတီ " ၏လက်ဝဲဘက်တွင် ပြန်လည် တူးဖော် ပြုပြင် ထားသော စေတီငယ်များကို ကြည့်လျှင် မြေအောက်တွင် နှစ်ပေါင်းများစွာ နစ်မြှုပ်နေကြောင်း သိသာပါသည် ။
အိန္ဒိယနိုင်ငံ ရှိ  " ဗုဒ္ဓဂါယာ မှ သတ္တဌာန " ကို ပြန်လည်သတိရစေပါသည်။
နှစ်ပေါင်း ၈၀၀ ကျော်ခန့်ကြာမြင့်ခဲ့ပြီ သောကြောင့်လည်း သိလျက်နှင့်တော့ အိမ်ခြေ တည်ဆောက်ကြမည် မထင်ပါ ။
 ပုဂံဘုရား ဖူးသူတိုင်း တွေ့ မြင်နိုင်သည့် သတိပေး စာတမ်း များတွင် ထင် ထင်ရှားရှား ဖော်ပြထားပါသည် ။

" ဘုရား ပစ္စည်း အဆိပ်သီး  "
.

Sunday, March 12, 2017

Donation

 အာသောကအလောင်းစည်သူ နှင့် ဖောင်တော်ဆိုက်စေတီ

   သီရိဓမ္မာ အာသောက မင်း ၏သာသနာပြုအဖွဲ့  အင်းလေးဒေသရှိ
ရွှေအင်းတိန်စေတီ တည်ရှိရာသို့ ရောက်ခဲ့ဘူးပါသည်။
နောက်ပိုင်းတွင် အလောင်းစည်သူမင်း ရောက်လာပြီး ပြန်လည်ပြုပြင်
မွှမ်းမံမှုများ ပြုလုပ်ခဲ့ပါသည်။ ဖောင်တော်ဆိုက်ရောက်ရာ နေရာတွင်
တည်ထားသောစေတီကို ဖောင်တော်ဆိုက်စေတီ ဟု ခေါ်တွင်ခဲ့ပါသည်။







































































































~~ ဓမ္ဓာရုံ ပြန်လည်တည်ဆောက်ရန် ပါဝင်လှူဒါန်းနိုင်ပါသည် ~~
.
ဆက်သွယ်ရန်
kokyaw@aungbarsay.com
































































Sunday, March 5, 2017