Monday, May 3, 2010

** My Teacher **





























   ယခု ဖော်ပြမည့် မိတ်ဆွေတစ်ဦးဧ၊၊် ဘဝမှတ်တမ်း တစ်စိတ်တစ်ပိုင်း သည် ၁၉၆၅/၆၆ တွင်
စတင် ပါသည် ။ အထက် တွင် ဖော်ပြ ထား သော စာ နှစ်မျက်နှာ သည် ၂၀၀၄ ခုနှစ် ခန့် က
သူ၏ ဆရာမ ပို့လိုက်သောစာ ၁ စောင် ဖြစ်ပါသည် ။ ပလတ်စတစ် လောင်းထား၍
မထင်ရှားသည့် အတွက် စာပါ အတိုင်း နောက်ပိုင်းတွင် ပြန်လည် ရေးထားပါသည် "

  ခြောက် နှစ် ၊ ရှစ် နှစ် အရွယ် မောင်နှမ နှစ်ယောက် အ တွက် အိမ် တွင် အင်္ဂလိပ် စာသင်ပေးမည့်
ဆရာမ တစ်ယောက် (အဂ်လို လူမျိုး ) အိမ်သို့ ရောက်လာပါသည်။ ဖခင် စတင်မိတ်ဆက်ပေးသည့် အချိန်မှစ၍  နောင် နှစ် လေးဆယ် ကြာ သည့်တိုင်အောင် ကျွန်တော်တို့နှင့် မြန်မာလို လုံးဝ မပြော
ဆိုခဲ့ပါ ။ ဆရာမ အနေဖြင့် မြန်မာပြည် တွင် အနေကြာ ပြီဖြစ် ၍ မြန်မာစကားတော့ နားလယ်မှာပါ ။

 တစ်ပတ်လျှင် ငါးရက် တစ်ရက်လျှင်တစ်နာရီ ကြာသင်ပေးပါသည် ။  ထိုစဉ်က ကုန်သွယ်ရေး ( ၉ ) ဟုခေါ်သော စာရေးကရိယာဆိုင် မှရောင်းချသော လန်ဒန် မြို့ထုတ် ပုံပြင်စာအုပ်များဖြင့်သင်ပါသည် ။
မောင်နှမ နှစ်ယောက်လုံး အလုံ မြို့နယ် မစ်ရှင်လမ်း ရှိ ခရစ်ယာန် ကျောင်းတွင် နှစ်နှစ် ခန့် 
သင်ကြား ခဲ့ပြီးဖြစ် ၍ အင်္ဂလိပ်ဘာသာ အခြေခံ အနည်းငယ် တော့ ရှိပါ သည် ။ ထိုစဉ်က
ကျော်ကြားသော Love you more than I can say , Underneath the mango tree , စသည့်သီချင်းများကိုလဲ ရေဒီယို မှအသံလွှင့်တိုင်း လိုက်ဆို တတ်နေပါသည် ။

    နေ့စဉ် သင်တန်း စတိုင်း ဆရာမ မေးလေ့ ရှိသော မေးခွန်း မှာ what curry today ?
ဖြစ်ပြီး ကျွန်တော်တို့ဧ၊၊် အဖြေမှာ  pork , (လွယ်ပါသည် ) ။ တစ်လုံးတည်းပါ ။
ထိုအခါ ဆရာမ က every day eat pork ? ဟုပြန်မေးလျှင်  no no today fish
( အဖြေကား အဆင်သင့်ပါ ) ။ ဆရာမ နှင့် အဂ်လိပ် လိုသာ ပြောဆိုပါကြသည် ။

တခါတရံ ဆရာမ ဧ၊၊် လက်ဆွဲအိတ် ထဲတွင်အမြဲ ဆောင်ထားသော သမ္မာကျမ်းစာ Bible စာအုပ်မှ
ပုံပြင် ဆန်ဆန် အကြောင်းအရာ များကိုရှင်းပြပါသည် ။ ထို့ကြောင့်လဲ မောင်နှမ နှစ်ယောက်လုံး
ခရစ်ယာန် ဘာသာ ကို နဲနဲ ပါးပါး သိလာပါ  သည် ။ မောင်နှမ နှစ်ယောက် မစ်ရှင်ကျောင်း တွင် တက်ရောက်စဉ်က ခရစ်ယာန် ကျောင်း ဖြစ်၍ နံနက် ကျောင်းတက် ခေါင်းလောင်းထိုးတိုင်း
ကျောင်းသူကျောင်းသား များဘုရားကျောင်းသို့သွားရပါ သည် ။
ယောက်ကျားလေးကျောင်း မိန်းကလေးကျောင်း ဟူ၍ခွဲခြားထားပြီး ဘုရားကျောင်း သည်အလယ်
တွင်ဖြစ်၍ ခရစ်ယာန်ဘာသာဝင် မဟုတ်သူ မောင်နှမ နှစ်ယောက် အပြင်တွင်ရပ်စောင့်နေရပါသည် ။ ထိုကထဲက ခရစ်ယာန်ဘာသာဝင် ဖြစ်ခြင်ခဲ့ပါသည် ။

    ဆရာမသည် အဂ်လိုလူမျိုး ဖြစ်၍ ဝတ်စားပုံမှာ အဂ်လိပ်လူမျိုးကဲ့သို့ဒူးခေါင်းထိရှည်သော ဂါဝန်ပုံ
ဝတ်ရုံကိုအမြဲဝတ်ပါသည်။ ထိုစဉ်က ရန်ကုန်တွင်အဂ်လိုလူမျိုးအတော်များများ တွေ့နိုင်သော်လည်း
ယခုအခါ ကာလဒေသ အခြေအနေအရ ဝတ်စားပုံ ပြောင်းလဲလာပြီဖြစ်၍ ခွဲခြားရန်မလွယ်တော့ပါ။
ဆရာမသည်  သောကြာနေ့ နှင့် တနဂ်နွေနေ့ များတွင် ဗိုလ်အောင်ကျော်လမ်းဒေါင့်ရှိ ဘုရားကျောင်း
သို့ ပုံမှန်သွားပြီးပုတီး စိတ်ခြင်းနှင့်မေတ္တာ ပို့ခြင်း အမြဲပြုလုပ်ကြောင်း သိရပါသည် ။
 ဝမ်းနည်းဖွယ် အဖြစ်အပျက်တခု မှာ ဆရာမ လမ်းသွားစဉ် ခလေးတချို့က အရူးမ ဟုအော်ဟစ်ကာ ခဲလုံးငယ် များဖြင့် ပစ်ပေါက်ခြင်းကို ရန်ကုန် တွင်နေထိုင်စဉ် တလျှောက်လုံး မကြာခဏခံခဲ့ရပါသည် ။ ရိုးရိုးကုတ်ကုတ် နေထိုင်သူဖြစ်သော်လဲ ယခုကဲ့သို့ခံစားရခြင်းမှာ အတိတ်ကံကြောင့် ဟု ထင်မြင် မိပါသည်။

    အိမ်တွင်အခါကြီး ရက်ကြီး ပွဲတော်ရက် များတွင် ရှိခိုး ကန်တော့ပွဲ များ လုပ်လေ့ရှိရာ စာသင်ရက် မဟုတ်သော နေ့နှင့်ကြုံ လျှင် ဆရာမ ကို ဖိတ်ကြားလေ့ရှိပါသည် ။ ထိုအချိန် မှ စ၍ ပွဲတော်နေ့ရက်
များတွင် ပုံမှန်လာရောက်သောဧည့်သည်အဖြစ် ရန်ကုန်တွင်နေထိုင်စဉ် တလျှောက်လုံးဖြစ်ခဲ့ပါသည်။ ဆရာမ မလာသည့် အခါများ တွင် မိသားစု ဝင်အားလုံး မျှော်နေမိ ပါသည် ။ ဆရာမ လာသည့်အခါ
များတွင် မိသားစု နှင့် တစ်စားပွဲ တည်းအတူတကွစားသောက်ကြပါသည် ။
အသက်အရွယ်ကြောင့် အိမ်ပေါ်သို့မတက်နိုင်သောအခါ ဝရန်တာတွင်ချိတ်ဆွဲထားသော
ခေါင်းလောင်းသံမြည်၍ ဆရာမရောက် နေကြောင်းသိရလျှင် သေခြာစွာထုပ်ထားသော
စားသောက်ဖွယ်ရာများကို အောက်ထပ် ဆင်းပေးကြ ပါသည်။
    ထိုစဉ်က ဆရာမ ဧ။် အမည် နှင့် နေရပ် လိပ်စာ ကို မမေး၍ မသိကြပါ ။ မေးသင့်သော်လည်း
မည်သူမျှ မမေးခဲ့ပါ ။ ဆရာမ ရေးပို့လိုက်သော တစ်စောင်တည်းသော စာတွင်ရေးထားသည့် အမည်ကို တွေ့ ရမှ သိရပါသည် ။ အမည်သိရ သော်လည်းဆရာမ နှင့်တော့ ပြန်လည်
မဆုံတွေ့နိုင်တော့ပါ။

     ဆရာမ နှင့် နှစ်နှစ်ခန့် သင်ကြားပြီးချိန် တွင်  သင်ကြားမှူ ခေတ္တ ရပ်ဆိုင်း လိုက်ရပါ သည် ။
ဆရာမဧ၊၊် အခြားသောသင်တန်းချိန် နှင့်ကျွန်တော်တို့သင်တန်းချိန် တိုက်ဆိုင်လာပြီး ညှိ၍အဆင်
မပြေလို့ပါ။ ကျောင်းဆင်းပြီး ချိန်တွင် ဂျွမ်းဘားသင်တန်းလည်း တက်ရောက်ရန် ရှိလာ ပါသည် ။
   ထိုသို့စာသင်ကြားမှူ ခေတ္တရပ်ဆိုင်းသွားသော်လဲ ဆရာမ အနေဖြင့် တစ်နှစ်လျှင် လေးကြိမ်ခန့် အိမ်သို့ပုံမှန် ရောက်လာတတ်ပါသည် ။ အခါကြီး ရက်ကြီး ပွဲတော်ရက် များဖြစ်ပါသည် ။

  နောက်ငါး နှစ်ခန့် အကြာတွင် ဆရာမ နှင့် သင်တန်း ပြန်စကြပါသည် ။ သင်တန်းချိန်မှာမူ
တစ်ပတ် သုံးရက် ဖြစ်သွားပါ  သည် ။ ဆရာမ အနေဖြင့် အခြားသော တပည့်များစွာရှိခဲ့ပါသည် ။ အထူးသဖြင့် ပြည်ပသို့ သွားလိုသူများ အဂ်လိပ် စကားပြော လေ့ကျင့်သည့် အနေဖြင့် ဆရာမ
ထံမှ သင်ယူ ကြပါသည် ။ မြန်မာစကား လုံးဝမပြောခြင်းသည်လဲ သင်ကြားမှူ ကိုများစွာ
အထောက်အကူပြုပါသည် ။ ဆရာမ ဧ။် ထူးခြားသည့်အချက်မှာ ရိုးရိုးကုတ်ကုတ် နေထိုင်ခြင်း
နှင့်စည်းကမ်း တိကျသေချာ ခြင်း ဖြစ်ပါသည်။  သင်တန်းချိန် သို့ ငါးမိနှစ် ထက်ပို၍ နောက်မကျ
သကဲ့သို့ ငါးမိနှစ်ထက်ပို၍ လည်း မသင်ပါ ။ အထူးသဖြင့် ဆုတောင်းမေတ္တာ ပို့ပေးကြောင်း
ကိုမူ မကြာခဏ  ပြောဆိုခဲ့ပါသည်။

   ဆရာမ သင်ပေးသည့် စာများတွင် ဥရောပနိုင်ငံများကို မြေပုံ ပေါ်တွင်ရှာဖွေရာတွင်လွယ်ကူ
စေရန်ရွတ်ဆို သည့် ကဗျာ တစ်ပုဒ် ရှိပါသည် ။ အားလုံး ကိုမူ မမှတ်မိတော့ပါ။ထိုအထဲ မှ
နှစ်ကြောင်းသာ မှတ်မိ ပါသည် ။ 
Long leg Italy  နှင့် Kick to Mediterranean sea ဖြစ်ပါသည် ။
Italy နိုင်ငံ သည် ခြေထောက် ( လည်ရှည်  ဖိနပ် ) ပုံစံ ဖြစ်ပြီး အနီးတွင်ရှိသော ကျွန်းနိုင်ငံ
တစ်ခုကို မက်ဒီတာရိန်းနီးယား ပင်လယ် သို့ ကန်လိုက်သည် ဟု ဆိုလိုပါသည် ။
တပုဒ်လုံး မမှတ်မိခြင်း အတွက်လည်း နောင်တ ရမိပါ သည် ။

  မောင်နှမ နှစ်ယောက် ဧ။် ဒုတိယ မြောက်သင်တန်းသည် လည်း တစ်နှစ်ခန့် အကြာ တွင်
ထပ်မံ ရပ်သွားပါသည် ။ အထက်တန်း ကျောင်းသားများ ဖြစ်လာပြီ ဖြစ်၍ ပြင်ပ ကျူရှင်များ
တက်ရမည် ဖြစ်၍ ဆရာမ သင်တန်းချိန်နှင့် တိုက်ဆိုင်နေပါသည် ။

  ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် ကျွန်တော်လဲ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင် နေပြီ ဖြစ်၍
အသက်အရွယ်ကြီး လာပြီ ဖြစ်သော ဆရာမ အ တွက် အစီအစဉ်တစ်ခု ကို စတင်ခဲ့ ပါသည် ။
တစ် လ လျှင် ၅၀၀ ကျပ် ကို လကုန် ရက်တိုင်း ထုတ်ပေးရန်ဖြစ်ပါသည် ။
 အိမ်တွင် ဆရာမနှင့်အတူ ထမင်းစားရင်း ဤလစဉ်ထောက်ပံ့ငွေပေးမည့်အကြောင်းပြောပြ
သောအခါ လွန်စွာ အံ့သြ ဝမ်းသာသွားပုံကို ပြန်လည်  မြင်ယောင်မိပါသည်။ နောက်မကြာမီ
နှစ်အနည်းငယ်တွင် ပြည်ပသို့ သွားရောက်ရန် ရှိကြောင်းကို ဆရာမ သိသောအခါ လစဉ်
ငွေထောက်ပံ့သည့် ကိစ္စကို အိမ် တွင်ဆက်လက် ရှိနေသူများ အား သေသေချာချာမှာထား ခဲ့ဖို့ တဖွဖွ ပြော နေပါသည် ။ ဆရာမ ၏ပူပန် မှုကို သိရှိ ၍ စိတ်မပူရန် ပြန်ပြောခဲ့ ရ ပါသည်။

       ပြည်ပ ရောက်၍ သုံးနှစ် ခန့်ကြာသောအခါ ဆရာမ မလာသည်မှာ လ အနည်းငယ်ရှိ နေပြီ
 ဖြစ်ကြောင်း သိရ ပါသည် ။ ထိုအခါ စိတ်ဝယ်အမျိုးမျိုး တွေးတောမိပါသည် ။ မည်သို့မျှလည်း
လုပ်မပေး နိုင်ပါ ။ ထိုသို့ သိရှိပြီး တစ်နှစ်အကြာ တွင် ဆရာမဆီက စာလာသည် သိရ၍ ဝမ်းသာ
အားရ  ဖြစ်မိပြီး မျှော်လင့်ကြီးစွာဖြင့် စာကို ဖတ်ပါသည် ။ ဆရာမ ရှိနေဆဲဟု သိရ၍
စိတ်အေးသွားပါသည် ။
















Miss Mavis Mack
No . ( ** ) , R C Compound ,
Myingyan ,

Dear William and wife ,
I am writing to wish you both A Happy New Year 
which is in February ,
I am at present in Myingyan and hope to be back in
Rangoon , at least by next year please God , I couldn't
come down to Rangoon in December last year ,
I come to see you but thinking you will be there ,
I come to wish you and your wife for your Birthdays ,
but I could not meet you both , I was very sorry for that ,
Now for your New Year please send me some money by
registered post for your New Year and both your Birthdays ,
Please don't disappoint me , You always give me a lot of
money for your New Year every year , please don't fail to
help me , if you are not there tell your wife to do it ,
Please tell your wife to do it for you ,
if you are not in Rangoon .Tell her to go to the Post-office
and send the money , I shall be grateful , thank to you if going
do it and my eyes are giving a lot of trouble ,
so I can't see well . I under went an operation 2 years ago for it ,
so I cannot see and write well . Please excuse my handwriting ,
I thank you for all the Chinese New Years I enjoyed with you
and your wife , I wrote to your wife last year asking her to send
me some money for yours ,
but she did not send it , I hope that you will not fail to help
me this time , I shall pray for you both . Please don't fail to do so ,
I hope to come and  see you both for your Birthdays in December
as I have to come to renew my F.R.C.
Good bye and God bless you both ,
Your loving teacher
Mavis Mack ,






















       ဤ စာကို လက်ခံ ရ၍ ဝမ်းမြောက် ဝမ်းသာ ဖြစ်မိ သော်လည်း စာဖတ်ရင်း
မျက်ရည် ကျမိပါသည် ။ ချက်ခြင်း မြန်မာပြည် သို့ ဖုန်းဆက်ပြီး ဆရာမ အတွက်
ပို့ပေးစေပါ သည် ။ လက်ခံ ရရှိ ကြောင်း သိရ ပါ က ထပ်မံ ပို့ ပေးမည်ကို လည်း
ငွေ ပို့လွှာ တွင် သေချာစွာ ရေးစေခဲ့ပါသည်။

   သို့သော် လ အတန် ကြာ သည် အထိ မည်သည့် သတင်းမျှ မ ကြား ရ သောအခါ စိတ်မကောင်း ဖြစ်မိပါ သည် ။  ဆရာမ အထင်လွဲ သွားပြီ ထင်သည် ။ ငွေပို့ လွှာ
သည်လိပ်စာရှင်ထံ မရောက်ဘူး ယူဆပါသည် ။ လိပ်စာက အင်္ဂလိပ် လို ဖြစ်သည်ကလည်း
အခက်အခဲ တစ်ခုပါ ။
        တနေ့ တွင် စာရွက်စာတမ်း များ ကို ရှင်းလင်း စဉ် ပလပ်စတစ် လောင်းထားသော
ဆရာမ ၏ စာကိုတွေ့၍ ပြန်ဖတ် ကြည့် ရင်း မျက်ရည် ကျ မိ ပါသည် ။
ဆရာမ ကျွန်တော်တို့အပေါ်ထားရှိသည့် ယုံကြည် အားကိုး သော နောက်ဆုံး မျှော်လင့်ချက်
ကို ကျွန်တော်တို့ မဖြည့်ဆည်း ပေးနိုင်ခဲ့ဟုထင်မြင် ယူဆ ပြီး ၀မ်းနဲ မျက်ရည်ကျမိပါ သည်။

   ကျွန်တော်တို့ ငယ်စဉ်က ကျောင်းတွင် ရံပုံငွေ အဖြစ် မကြာခဏ လာရောင်း တတ်သော
ပင်အပ် ထိုး၍ တတ်ဆင်ရသည့်  စက္ကူ အလံငယ် လေး များ ရှိခဲ့ပါသည် ။
ဘိုးဘွားရိပ်သာ ရံပုံငွေ အတွက် ဖြစ်ပါသည် ။ ထို အလံငယ်လေးများ တွင်ပါသောစာတန်း
ကို သတိရ မြင်ယောင် မိပါသည်။

  * * သင် လဲ ဤ သို့ အို ရ အံ့ * *


( thank you )
.
.
.
.
.


1 comment: