Saturday, October 29, 2011

ထွေရာ လေးပါး ( မှတ်မှတ် ရရ )



ဒေါ်အောင်ဆန်းစုကြည် ၏  အိမ် ခြံစည်းရိုး   မှတ်မှတ် ရရ



      ကျွန်တော် သည် ၁၉၈၈ ခုနှစ် ကာလ က ကြုံတွေ့ ခဲ့ရသည့် ဆရာတော် တစ်ပါး ၏ ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သော ဟောပြောချက် ကို မိတ်ဆွေ ဖြစ်သူ ၏
အင်တာနက်  စာမျက်နှာ ပေါ်  ၌ ၂၀၀၉  ခုနှစ် တွင် 
future of Daw Aung San Suu Kyi  အမည် ဖြင့် ဖော်ပြခဲ့ ပါသည် ။ နှစ် ၂၀ ကျော် လာသည့်
ယခုအခါ တွင် အဆိုပါ ဆောင်းပါး ကို ဖတ်ဖူးသူများ က email ပေးပို့ ပြီး ယခုအချိန် ၌ မှန်ကန်မှု
ရှိ မရှိ မေးလာ ကြပါသည်။
















 ဤ အကြောင်းနှင့် ဆက်စပ် ပြီး ၁၉၉၀ ကာလ တစ်ဝိုက်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ အိမ် ခြံစည်းရိုး နှင့် ပတ်သက်၍ ကျွန်တော့် အနေဖြင့် မမျှော်လင့် ဘဲ ထူးထူး ခြား ခြား
လုပ်ဆောင်ပေး ခဲ့ရသော အကြောင်း အရာ တစ်ခု ကို မှတ်မှတ်ရရ  တင်ပြလိုပါ သည် ။

ရွေးကောက်ပွဲ ပြီး မကြာမီ တွင် ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ် အကျယ်ချုပ် ဖြင့်
နေခဲ့ရ ပါသည် ။ ထိုကာလ ၌  တက္ကသိုလ်ရိပ်သာ လမ်း ပေါ် ဖြတ်သန်း သွားလာ သူ များ
သည် ဤ လမ်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိမ် ရှိတယ်ဆိုပြီး ရှာဖွေတတ်ကြပါသည် ။
သို့ သော် ရှာဖွေ ရ မလွယ် ပါ ။ နောက်ပိုင်း တွင် လုံခြုံရေး ထူထပ်စွာ ချထား မှ ရှာဖွေ ရလွယ်
သွား ပါ သည် ။

  ဒေါ်အောင်ဆန်းစုကြည်  နေအိမ် အကျယ်ချုပ် ဖြင့် စတင်နေရ ပြီး လုံခြုံရေး ထူထပ်စွာ
မချမီ စည်ပင် ဝန်ထမ်းဖြစ်သော  မိတ်ဆွေ ဖြစ်သူ မှ ဒေါ်အောင်ဆန်းစုကြည် ၏ အိမ်
 ခြံစည်းရိုး ကို တာဝန် ယူ ပြန်လည်ကာရံ ပေးရ ပါသည်။  နေ့ စဉ် နီးပါး တွေ့ နေ ကြ ဖြစ်၍
 ခြံစည်းရိုး အရောင်ကို ဆွေးနွေးရာမှ ကျွန်တော်က ငွေလဲသက်သာ ကြည့်ရ အဆင်ပြေမည့် 
သစ်သားချောင်း ၅ချောင်းကို အရောင်ရင့်တစ်ပိုင်း ၊ နောက်သစ်သားချောင်း ၅ ချောင်းကို အရောင်နှူတစ်ပိုင်း အရောင် အရင့်အနု ခွဲခြားသုတ်ရန်အကြံပေးမိပါသည် ။

အရောင်ရင့် သည် ဈေးကြီး ပြီး အဖြူရောင် က  ဈေးသက်သာပါသည် ။ နှစ်ရောင် စပ်လိုက်
သောအခါ   ခြံစည်းရိုး လည်း ပေါ်လွင်သွား ပါသည် ။ ထိုကဲ့သို့လည်း ခြံစည်းရိုး ကို နှစ်ရောင်
 စပ် သုတ်သူ ရှားပါသည် ။
ကုန်ကျငွေ သက်သာပြီး ကြည့်ရ အဆင်ပြေစေသည့် ရည်ရွယ်ချက် သာရှိခဲ့ပါသည်
























သို့သော် ခြံစည်းရိုး ဆေးသုတ်ပြီးနောက်ပိုင်း တွင် ဒေါ်အောင်ဆန်းစုကြည် ၏ အိမ် ရှာဖွေ ရလွယ်သွားပါသည် တစ်လမ်းလုံး  ဤတစ်ခြံသာ နှစ်ရောင်စပ် သုတ်ထားသည်ကိုး

နှစ်ပေါင်း ၂၀ ကျော် ခဲ့ပြီ ဖြစ်သော်လည်း မှတ်မှတ်ရရ ဖြစ်နေဆဲပါ

 future of Daw Aung San Suu Kyi တွင် ဖော်ပြ ခဲ့ သကဲ့သို့ 

    now we are getting old
              but
  she is still going strong ပါ







 လိုအင် ဆန္ဒ ပြည့်စုံ ကြ ပါ စေ ။
    (  ဦးစိုး )










No comments:

Post a Comment