Saturday, February 18, 2012

FATHER & SON




 ~   အဖေ နှင့် သား

   
 အဖေ တစ်ယောက်ဟာ သူ့ရဲ့တစ်နေကုန်လုပ်ရတဲ့ အလုပ်ကနေ ပင်ပန်းစွာနဲ့
 နောက်ကျမှ အိမ်ကိုပြန်လာခဲ့တယ်။ သူ့ရဲ့ ၅ နှစ်အရွယ်သားလေးက အဖေ့ ရဲ့
 အိမ်အပြန်ကို တံခါးပေါက်ကနေ စောင့်နေတယ်။

သား - “ အဖေ... သားတစ်ခုလောက်မေးလို့ရမလား...
အဖေ - “ ရတာပေါ့ .. သားရယ်..

သား - “ အဖေ .. တစ်နာရီ အလုပ်လုပ်တာ ဘယ်လောက်ရလဲ
အဖေ - “ ဒါ.. သား အလုပ်မဟုတ်ပါဘူးကွာ...... ”

သား - “ ကျေးဇူးပြုပြီးတော့ .. သားကိုပြောပြပါ... အဖေ
အဖေ - “ အဖေ တစ်နာရီ အလုပ်လုပ်တာ ဒေါ်လာ 20 ရတယ် သားရဲ့...”

သား - “ ဒါဆို .. အဖေ ..သားကို ဒေါ်လာ 10 ချေးပေး
 
အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ အဖေဟာ စိတ်ဆိုးဆိုးနဲ့ သူ့ရဲ့သားကို အော်ပြီး
အိပ်ယာဝင်ဖို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူ့ရဲ့သားဟာ မျက်နှာလေးညှိုးနွမ်းစွာနဲ့
သူ့ရဲ့ အခန်းလေးထဲဝင်သွားပြီး တံခါးပိတ်လိုက်ပါတယ်။
အချိန်အနည်းငယ်ကြာတဲ့အခါမှာ စိတ်အနည်းငယ်ပြေသွားတဲ့
အဖေဟာ သားရဲ့ အခန်းထဲကို ဝင်လာပြီး ..

အဖေ - “ အဖေ ကြမ်းတမ်းစွာဆက်ဆံမိတဲ့အတွက် .. ဝမ်းနည်းပါတယ်သားရယ်....
          ရော့ .. ဒီမှာ သားအတွက် ဒေါ်လာ 10 .. ဒါနဲ့... ဒီပိုက်ဆံနဲ့ သား ဘာလုပ်မှာလဲ .”

သူ့ရဲ့ သားလေးဟာ ပျော်ရွှင်စွာနဲ့ သူ့အဖေကို ကျေးဇူးအများကြီးတင်ကြောင်း ပြောလိုက်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ကောင်လေးဟာ သူ့ခေါင်းအုံးအောက်မှာ ဝှက်သိမ်းထားတဲ့ အကြွေစေ့ လေး
တွေကို ထုတ် ရေတွက်လိုက်ပြီးတော့ သူ့အဖေကိုပြောတယ်...

သား - “ အဖေ . အခု သားဆီမှာ ဒေါ်လာ 20 ရှိသွားပြီ.. 
         အဲ့ဒီပိုက်ဆံနဲ့ သား အဖေ့ရဲ့     အချိန်တစ်နာရီဝယ်မယ် 
         မနက်ဖြန် အိမ်ကို စောစောပြန်ခဲ့ပါ  အဖေနဲ့အတူတူ သား ညစာစားချင်တယ်...”

အဲဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ ..
အဖေဟာ မျက်ရည်ကျပြီးတော့ သူ့သားကို ပွေ့ဖက်လိုက်ပါတော့တယ်...။


Moe nge Aung

No comments:

Post a Comment