Saturday, March 3, 2012

AUNG MYO KHANT'S TOPIC




စိတ်အဟာရနှင့် ဦးဏှောက်အဟာရများ
 အောင်မျိုးခန့် (မော်ကျွန်း)























အချိန်နှင့် ဆော့ကစားခြင်း

ဆော့ခြင်း ကစားခြင်း
ဆော့ကာ စားခြင်း
ထိုစားခြင်းအတွက် ရုန်းခဲ့ရတဲ့ နေ့တွေ အချိန်တွေ
စားခြင်းအတွက် သေချာရဲ့လား မရေရာ
ဆန္ဒတွေအတွက် ပြေးလွှားကာ ရုန်းကန်
ဒီခန္ဓာ ကတော့ မနက်ဖြန်တောင် မသေချာ။
အဖြေရှာမရတဲ့ ဒီလူ့ဘဝမှာ မင်းရပ်တည်နေတာ ဘာအတွက်လဲ။

မင်းလည်းမဖြေတတ်
ငါလည်းမသိ
တစ်ခုခုတော့ ရှိရမယ်။
ဘဝထဲက ဘဝတွေ
အများသားပဲ
စီးပွားရေးသမား၊ ကြီးပွားရေးသမား၊ လက်လုပ်လက်စား၊ သမားလား စားလား။
ခွင်ချောင်းအပွဖမ်း ဒီနေ့လုပ်ဒီနေ့စား။
ဘဝတွေ ဆန္ဒတွေ ခေါင်းပုံဖြတ်မှုတွေ ပေးဆပ်မှုတွေ။
အနုပညာအတွက် လူမသိသူမသိ ပေးဆပ်လိုက်ရသူတွေလား
ယုံကြည့်မှုကြောင့် ပန်းလိုက်ရသူတွေလား
ခေတ်ရဲ့အလယ်မှာ လမ်းပျောက်နေတဲ့ လူငယ်တစ်ယောက်လား

ဝါဒတွေမများနဲ့ ပကာသနတွေချထားခဲ့ မနာလိုဝန်တိုမှုတွေကြားက ဒီ လား တွေခဏရပ်
နောက်တစ်စက္ကန့် အသက်ရှင်လျှက် မင်းရပ်တည်နေမှာ သေချာရဲ့လား စဉ်းစား။

စ ဉ်း စား ။   ! ! ! !  ။

အောင်မျိုးခန့် (မော်ကျွန်း)


*******************************************************************************

( 1 )
၄၅ ~ ဘတ်စ်ကား


အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦးသည် ပထမဆုံးအကြိမ် ရန်ကုန်သို့ အလည်အပါတ် ခရီးသွားရန် ဖိတ်ကြားခြင်းခံရသည်။ လှည်းတန်းကို သွားခဲ့ရာ ကံဆိုးချင်တော့ လှည်းတန်းလမ်းဆုံကို သူရှာမတွေ့ခဲ့ပေ။
ဒီလိုနှင့် ယဉ်ထိန်းရဲကို အကူအညီတောင်းရတော့သည်။























အမျိုးသမီး    >>    ကျေးဇူးပြုပြီး လှည်းတန်းကို ဘယ်လိုသွားရလည်း လမ်းညွှန်ပေးပါရှင်
ယဉ်ထိန်းရဲ    >>    ၄၅ ကားကိုဒီကားဂိတ်မှာစောင့်ပါ။
                          အဲ့ ဒီကားနဲ့ဆို လှည်းတန်းကိုရောက်ပါတယ်။

အမျိုးသမီးက ကျေးဇူးတင်ကြောင်းပြောလိုက်သည်။
ယဉ်ထိန်းရဲလည်း ပြန်လည်ထွက်ခွာသွားတော့သည်။
၃ နာရီလောက်ကြာသောအခါ ယဉ်ထိန်းရဲက ထိုနေရာသို့ပြန်လည်ရောက်လာသည်။ အမျိုးသမီးကထိုကားဂိတ်မှာပင်စောင့်နေဆဲဖြစ်သည်။ ယဉ်ထိန်းရဲကအမျိုးသမီးဆီသို့သွား၍ပြောသည်။

လှည်းတန်းကို ရောက်ဖို့ ၄၅ ကားကိုစောင့်စီးရမယ်လို့ကျွန်တော်မှာထားခဲ့တယ်နော် အခု ၃ နာရီတောင်ကြာနေပြီဗျ ဘာ့ကြောင့်အခုထိစောင့်နေတာတုန်း

အမျိုးသမီးကပြောလိုက်သည်

မစိုးရိမ်ပါနဲ့ အရာရှိကြီးရယ် သိပ်မကြာတော့ပါဘူး အခုဖြတ်သွားတဲ့ကားက အစီး ၄၀ မြောက်ပါ


**************************************************************************

 ( 2 )
လင်ပျောက်ရှာနေသော မိန်းမ

မိန်းမ >> ကျွန်မယောင်္ကျားပြောက်သွားလို့

Inspector >> သူ့အရပ်က ဘယ်လောက်လဲ
မိန်းမ >> တစ်ခါမှ သတိမထားမိဘူး

Inspector >> ပိန်ပိန်သွယ်သွယ်လား ကျန်းကျန်းမာမာလား
မိန်းမ >> မပိန်ပါဘူး ကျန်းကျန်းမာမာပါပဲ

Inspector >> မျက်လုံးကဘာရောင်လဲ 
မိန်းမ >> မမှတ်မိဘူး

Inspector >> ဆံပင်ရောင်ကရော
မိန်းမ >> ရာသီအလိုက်ပြောင်းနေတာပဲ

Inspector >> ဘာဝတ်ထားလဲ
မိန်းမ >> ထသွားထလာ ဝတ်ထားတာပဲ သေချာမမှတ်မိဘူး

Inspector >> သူနဲ့အတူဘယ်သူပါသေးလဲ
မိန်းမ >> အိမ်မွေးခွေးလေပါသွားတယ်၊ နာမည်က ဆွီတီ။
            ရွှေရောင်ချိန်းကြိုးနဲ့ ချည်ထားတယ်။
            အရပ်က လက်မ ၃၀၊ ခန္ဓာကိုယ်က ထွားကြိုင်းတယ်၊
            အပြာရောင်မျက်လုံး၊ မီးခိုးရောင်အမွှေးနဲ့၊
            ဘယ်ဘက်ခြေထောာက်ရဲ့ခြေမက ခြေသည်းလေးနည်းနည်းကျိုးနေတယ်။
            ဘယ်တုန်းကမှ မဟောင်ဖူးဘူး။
            အပြာရောင်ဘောလုံးပါတဲ့ ရွှေရောင်ပါတ်ကြိုးလေးပါတ်ထားတယ်။
            သူက အသီးအရွက်မကြိုက်ဘူး၊ ငါတို့ကအတူသွား အတူစားခဲ့ကြတာလေ
             စကားပြောပြီးနောက် မိန်းမ ကစ၍ ငိုပါတော့သည်

Inspector >> ကောင်းပြီ ခွေးကို အရင်ရှာကြစို့ ! ! !




*****************************************************************************

( 3 )
ရှေ့နေများနှင့် အင်ဂျင်နီယာများ

ရှေ့နေ သုံးယောက်နဲ့ အင်ဂျင်နီယာ သုံးယောက်တို့ အစည်းအဝေးတစ်ခုအတွက်
ရထားဖြင့် ခရီးထွက်ကြသည်။ ဘူတာသို့ရောက်သောအခါ
 ရှေ့နေ ၃ ယောက်က လက်မှတ် ၃စောင် ဝယ်နေသည့်အချိန်တွင်
အင်ဂျင်နီယာများကလက်မှတ် တစ်စောင်ပဲ ဝယ်ကြသည်။

လူ ၃ ယောက်ကို လက်မှတ်တစ်စောင်တည်းနဲ့ ခရီးဘယ်လိုလုပ်သွားမလဲ ” ဟု ရှေ့နေတစ်ယောက်ကမေးလိုက်သည်။

စောင့်ကြည့်လိုက်စမ်းပါဗျာ

ဟု အင်ဂျင်နီယာတစ်ယောက်က ပြန်ပြောသည်။
ရထားပေါ်တက်ကြသည့်အခါ ရှေ့နေသုံးယောက်က ကိုယ့်သက်ဆိုင်ရာခုံနံပါတ်မှာ
ထိုင်နေကြသည့်အချိန်တွင်အင်ဂျင်နီယာသုံးယောက်က အိမ်သာခန်းထဲသို့
သုံးယောက်စလုံးတိုးကျိတ်ဝင်ကြပြီး တံခါးပိတ်ထားလိုက်သည်။

လက်မှတ်များ လှည့်လည်သိမ်းဆည်သောအချိန်တွင် လက်မှတ်စစ်သောသူက အိမ်သာတံခါးကိုခေါက်၍ပြောလိုက်သည်။

ကျေးဇူးပြု၍ လက်မှတ်ပေးပါခင်ဗျာ

တံခါးနည်းနည်းလေးဟသွားပြီး လက်မှတ်ကိုင်ထားသော လက်တစ်ချောင်းထွက်လာသည်။
လက်မှတ်စစ်သူလည်း လက်မှတ်ကိုယူပြီးအဝေးသို့ထွက်သွားတော့သည်။
ထိုအဖြစ်အပျက်ကိုမြင်လိုက်သော ရှေ့နေတို့က အင်ဂျင်နီယာတို့၏
ပါးနပ်လိမ္မာမှုကို သဘောကျကြသည်။

အစည်းအဝေးပွဲမှ အိမ်အပြန်လမ်းမှာ ဒီနည်းကို သုံးဖို့သူတို့ဆုံးဖြတ်ခဲ့ကြသည်။
ဘူတာသို့ရောက်သောအခါ ရှေ့နေသုံးယောက်က လက်မှတ်တစ်စောင်ပဲဝယ်ကြသည်။
 အင်ဂျင်နီယာ များက လက်မှတ်တစ်စောင်မှမဝယ်ကြပေ။ ဤသည်ကို ရှေ့နေတစ်ဦးက အံ့သြ၍

မင်းတို့လက်မှတ်တစ်စောင်မှမဝယ်ဘဲ ဘယ်လိုလုပ်ပြန်မလဲ

ဟုမေးရာ

စောင်ကြည့်လိုက်စမ်းပါ

ဟုအင်ဂျင်နီယာတစ်ယောက်က ပြောပြန်သည်။
ရထားပေါ်ရောက်ကြသောအခါ
ရှေ့နေသုံးယောက်က အိမ်သာခန်းထဲသို့ သုံးယောက်စလုံးတိုးကျိတ်ဝင်ကြပြီး
တံခါးပိတ်ထားလိုက်သည်။

အင်ဂျင်နီယာသုံးယောက်က တစ်ခြား အိမ်သာခန်းတစ်ခုထဲသို့ဝင်သွားကြသည်။
ရထားစထွက်ကာစမှာ အင်ဂျင်နီယာတွေထဲက တစ်ယောက်ကသူ့အခန်းထဲမှထွက်လာပြီး တစ်ခြားအိမ်သာတံခါးကိုသွားခေါက်၍ပြောလိုက်သည်။

ကျေးဇူးပြု၍ လက်မှတ်ပေးပါခင်ဗျာ  !



 အောင်မျိုးခန့် (မော်ကျွန်း)



No comments:

Post a Comment