Saturday, March 3, 2012
SHAN TRADITIONAL
ရှမ်းရိုးရာ နတ်ကိုးကွယ်ခြင်း 
   ရှမ်းလူမျိုးတို့သည် နတ်ကို မယုံကြည်ခြင်းမဟုတ်။ နတ်သမီး၊နတ်သားတို့အား
ရှမ်းအခေါ်ခွန်ဖီ ၊ နန်းဖီ ဟု ခေါ်သည်။ သို့သော် ဗမာများ ကဲ့သို့နတ်ဝင်သည် ၊
နတ်ကနား ၊ နတ်ပွဲပေး၍ နတ်မေးခြင်းများ ကဲ့သို့ မရှိပေ။ ၄င်းတို့ကိုလည်း ယုံကြည်ခြင်းမရှိပေ။
ကိုးမြို့ရှင် ဟုခေါ်သော “စ၀်မိုင်း”တော့ရှိပါသည်။ သို့သော် တစ်နှစ်တစ်ခါ ပူဇော်ခြင်းမှလွဲ၍
အခြားအချိန်များတွင် ပူဇော်ခြင်းမရှိပဲ နတ်ကွန်းတွင် လူသူကင်းမဲ့လေ့ရှိသည်။
       ကားဝယ် ကား ရောင်း အစဉ်ပြေစေရန် နတ်ပြခြင်းမျိုးလည်း ရှမ်းလူမျိုးတို့တွင် မရှိပေ။ဗမာလူမျိုးများကိုးကွယ်သော အချို့ရှမ်းအမည်ဖြင့် နတ်များကိုပင် ရှမ်းလူမျိုးများ
ကိုးကွယ်ခြင်းမရှိကြပေ။ သို့သော် အိမ်များတွင် စင်တစင် တော့ ရှိ တတ်ပါသည် ။
 “ဒေးဝရားဟော်၊ ဒေးဝရားဟိန်း” ဟုခေါ်သော ဟော်စောင့်နတ်၊ အိမ်စောင့်နတ်စင်
ဖြစ်သည်။ ၄င်းစင်အား ကနှပ်ပန်း များဖြင့် အလှဆင်လေ့ရှိ ပြီး တစ်နှစ်တွင်  ၀ါတွင်း နှင့်
သင်္ကြန်အချိန် များ ၌  ပန်း များ လှုဒါန်း ကြ ပါသည်။
သင်္ကြန်အချိန်တွင် ဗမာလူမျိုးများ သုံးသော အတာအိုး ခေါ် သင်္ကြန် ပန်းအိုး လေးများကို
၎င်းစင်ပေါ်တွင် ထား ရှိ ပြီး  အလံများ ၊ တံခွန်များ ၊ ပန်းများ ကို ထည့်လေ့ရှိပါသည်။
ခရီးထွက်ခါနီးဖြစ်စေ ၊ အခြား အကြောင်းအရာ တစ်ခုခုဖြစ်စေ ၄င်းစင်ပေါ်တွင်
ပန်းကန်ပြားထဲသို့ ပေါက်ပေါက်ဆုတ်များ ၊ ပန်းများထည့်၍ အန္တရယ်ကင်းစေရန်
ဆုတောင်းလေ့ရှိသည်။
ဗမာလူမျိုးများကဲသို့ နတ်စင်မဟုတ်ပေ။ ဗမာလူမျိုးများသည် နတ်စင်ကို အိမ်ဦးခန်းရှိ
ထောင့်တစ်ထောင့်တွင် ထားတတ်ကြသည် ။ ဆွမ်းများ နေ့စဉ် ကပ်လှူသည်။ ရွေအုန်း ငွေအုန်း
ဆိုပြီး ကပ်လှုကြသည် လည်း ရှိသည် ။ ရှမ်းလူမျိုးတို့၏ အိမ်များတွင် ၄င်းကဲ့သို့နတ်စင် မျိုးမရှိပေ။
အချုပ်အားဖြင့်ဆိုရ လျှင် ရှမ်းလူမျိုးများသည် နတ်ကို မယုံကြည်ခြင်းမဟုတ် မကိုးကွယ်ခြင်းသာ ဖြစ်ကြောင်းတွေ့ရပါသည် ။
Sai Zaw Min Oo · ( Yadanabon University , Mandalay )
No comments:
Post a Comment