Friday, May 4, 2012

Explanation

             ~  လောက အမြင် ~





မျက်စိ မမြင်သော လူငယ်လေး တစ်ယောက်သည် အဆောက်အအုံ ဘေးရှိ လှေကားတွင် 
သူ့  ခြေထောက်နားတွင် ဦးထုပ်လေး တစ်လုံးချထားကာထိုင်နေသည်။ ထို့  နောက်လက်တွင်
 'ကျွန်တော် မျက်စိမမြင်ပါ။ ကူညီကြပါ။'
 ဟူသော ဆိုင်းဘုတ် လေး ကိုင်ထားသည်။ ဦးထုပ်တွင် အကြွေစေ့ အနည်း သာ ရှိသည်။

လူတစ်ဦး ဖြတ်သန်းသွားသည်။ သနားသွားကာသူ့  အိတ်ထဲက အကြွေအနည်းငယ်ကို ထည့်သည်။
 ထို့  နောက် လူငယ်လေး ကိုင်ထားသော ဆိုင်းဘုတ်ကို ယူကာ စာသား အနည်း ပြင်ပြီး အားလုံး
 မြင်သာအောင် ပြန်ထားထား လိုက်သည်။

သိပ်မကြာခင်မှာပင် ဦးထုပ်လေးမှာ အကြွေစေ့ စတင်ပြည့်လာသည်။ 
လူတွေ အများကြီး မျက်မမြင်လူငယ်လေးကို ပိုက်ဆံ ပေးသွားကြသည်။
 နေ့ လည်ခင်းမှာ ဆိုင်းဘုတ် ပြင်ရေးသွားခဲ့သည့် လူ အခြေအနေကို
 ပြန်လည် ကြည့်ရှုဖို့  ပြန်ရောက်လာသည်။ လူငယ်လေးသည် 
သူ့  ခြေသံကို မှတ်မိသွားပြီး အောက်ပါ အတိုင်း မေးလိုက်သည်။

"သင်ဟာ ဒီမနက်မှာ ကျွန်တော့်လက်ထဲက ဆိုင်းဘုတ်ကို ပြန်ပြင်ရေးသွားတဲ့ 
လူ ဟုတ်ပါသလား။ မိတ်ဆွေ ဘာတွေ များရေးသွားခဲ့လည်း။ "

ထိုသူက 
" ငါကအမှန်တစ်ရားကို ပဲ ရေးတာပါ။
ဒါပေမယ့်မင်းပြောချင်တဲ့ အရာကို
တစ်ခြား နည်းလမ်း နဲ့  ဖော်ပြလိုက်တာပါပဲ
။"

 ဆိုပြီး ပြန်ဖြေသည်။ ငါရေးတာက အောက်က အတိုင်းပါပဲ။

" ဒီနေ့ ဟာ အင်မတန် လှပတဲ့ နေ့  ဖြစ်ပေမယ့်
ကျွန်တော် မမြင်နိုင်ခဲ့ပါဘူး
"

ဆိုင်းဘုတ် ၂ ခုလုံးဟာ လူတွေကို လူငယ်လေး မျက်စိမမြင်ဘူး ဆိုတဲ့ အကြောင်း ဖော်ပြတာပါပဲ။ 
ပထမဆိုင်းဘုတ်က လူငယ်လေး မျက်စိမမြင်ဘူး ဆိုတဲ့ အကြောင်းပဲပါတယ်။ ဒုတိယ ဆိုင်းဘုတ်က
 လူတွေဟာ သူတို့  မျက်စိ မြင်ကြတာ သိပ်ကံကောင်းတယ် ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။

John Panda

thank you ,

.

No comments:

Post a Comment