Wednesday, August 28, 2013

why worry ....










ဇာတ်လမ်းအစ ဖေ့စ်ဘုတ် က လို့ ဆိုပါစို့  ။
အကောင့် အသစ်ဖွင့်ဖို့  မှတ်ပုံတင် အတွက် ရိုက်ထားတဲ့ ဓါတ်ပုံတွေ
အထဲကအလှဆုံးပုံကို စကဲင်ဆွဲပြီး တင်လိုက်တယ်။ ပြီတော့ ဖေ့စ်ဘုတ်
မှာ တွေ့ သမျှကို ၁၅ မိနစ် လောက် အက်လိုက်တယ် ။ မကြာပါဘူး
လက်ခံတဲ့ သူ စာရင်းတက်လာတွေ့ ရတော့ အတော်ပျော်သွားတာပေါ့ ။

  အကောင့်ပိုင်ရှင် ဓါတ်ပုံ ကလဲ ငယ်ရွယ် နုပျို လန်းဆန်း နေတော့ ဆွဲ
ဆောင်မှုတစ်ခုလို ဖြစ်နေတယ်လေ ။ လိုက် တာတွေ ကွန်မဲန်းတွေတက်
လာတော့ ပျော်စရာ ဖြစ်သွားတာပေါ့ ။ ဒီတော့ အင်တာနက်ဆိုင်ကို နေ့ 
တိုင်းသွား ၊ ၁ နာရီ အသုံးပြုချိန် ထဲမှာ ၄၅ မိနစ်လောက် က အက် တာ
နဲ့  ကွန်မဲန်း ပြန်ရေး နေရတာ နဲ့ ပျော်မွေ့ နေတာပေါ့ ။

ဒီလိုနဲ့ ခင့် ကိုကို ဆီက အင်တာနက်လိုင်း ပါတဲ့ စမတ်ဖုံး တစ်လုံး ရပြီး
နောက်ပိုင်းမှာ တွေးတောပူပင် စရာတွေ များလာတယ် ဆိုရမှာပါ ။
မျက်လုံးကိုပြူး ၊ နုတ်ခမ်းဆူနေတဲ့ ဟန်ပန်နဲ့ မျက်နှာ အပြည့်ဖော်ပြတဲ့
ပုံကို ရိုက်ပြီး ဖေ့စ်ဘုတ် ပေါ် တင်လိုက် ကတဲက စတာပါဘဲ ။
ထမင်းစားချိန် ၊ အိမ်သာခန်းထဲ ၀င်ချိန်ပါမချန် အချိန်ရတာနဲ့  ခင့် ပုံကို
ဘာတွေရေးထားသလဲ လိုက်ပေးထားတာ ဘယ်နှစ်ခုရှိပြီ လဲဆိုပြီး တွေး
ပူနေရပြီလေ ။ ဖေ့စ်ဘုတ် ကိုမကြာခဏ ဖွင့်ကြည့်ရတာလဲ အလုပ်တစ်
ခုလို ဖြစ်လာပြီလေ ။ ငယ်ဂုဏ် လဲရှိ တကယ့်ကို ချစ်စရာ ကောင်းတဲ့
မျက်နှာ ပိုင်ဆိုင်ထားတော့ လိုက်ကြ ကွန်မဲန်းတွေ ပေးကြပေါ့ ။
.
ခင် ရယ် ဒါတွေက ကြံဖန် တွေးပူနေတာပါ ။
လူသားတစ်ယောက်အနေနဲ့ စိတ်ပူ ခြင်တယ် ဆိုရင်ပူရမှာက ကျန်းမာရေး
အတွက်ပါဘဲ။ ကျန်းမာရေး ကောင်း နေပြီ ဆိုမှတော့ စိတ်ပူစရာ ဘာမျှမရှိ
တော့ပါဘူး ။ သွားခြင်တဲ့နေရာသွား စားခြင်တာစား ဖေ့စ်ဘုတ်ပေါ်မှာတင်
ခြင်တာတွေတင် ရေးခြင်တာရေးလို့ ရနေပြီလေ။ ကြုံရာဘ၀မှာပျော်ရွှင်စွာ
နေတတ်အောင်တော့ ကြိုးစားရမှာပေါ့ ။
.
  ကျန်းမာရေး မကောင်းရင်တော့ တွေးပူ စရာတစ်ခုတော့ ရှိလာမယ်လေ။
ပြန်ကောင်းလာမလား  ဒါမှမဟုတ် အသက်အန္တရယ် ဖြစ်စေမလား ပေါ့ ။
ပြန်ကောင်းသွားမယ် ဆိုရင်တော့  စိတ်ပူစရာ ဘာမျှ မရှိတော့ပါဘူး ။
ခင် ကတော့ လိုက်တွေ ကွန်မဲန်း တက်လာတာများလို့ နေ့ တိုင်းလိုလိုဓါတ်ပုံ
ရိုက်ပြီး တင်နေတော့တာဘဲ။ မျက်လုံးပြူးပြီး နုတ်ခမ်းဆူ နေတုံးပါဘဲ။ မျက်နှာ
ကို အောက်ကနေ ပင့်ရိုက်တာကစပြီး ကင်မရာကို အပေါ်စီးကငုံ့ ရိုက်တဲ့ပုံတွေ
ရိုက်လာတော့ ကိုယ်တစ်ပိုင်းပုံလို ဖြစ်လာတာပေါ့ ။ ဒါပေမဲ့ ရင်စေ့အင်္ကျီလိုမျိုး
ဝတ်ပြီးရိုက်ထားတော့ ယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းတယ်ဆိုပြီး လိုက် တွေ
ပေးကြ ကွန်မဲန်း တွေလဲ ကိုးရီးယားလို ဂျပန်လိုဘာသာစုံ ရေးတာတွေ့ ရတော့
ခင် လဲအတော့်ကို ပီတိ ဖြစ်နေမှာပေါ့။

ဒါပေမဲ့ ကျန်းမာရေးကပြန်မကောင်းနိုင်တော့ဘူး သေရတော့မယ်ဆိုရင်တော့
စိတ်ပူစရာ တစ်ခုရှိလာပြန်တယ် ။
ကောင်းရာဘုံဘ၀ ကို ရောက်မှာလား  ဒါမှမဟုတ် ငရဲကျမှာလား ပေါ့ ။
ကောင်းရာဘုံဘ၀ ကိုရောက်သွားရင်တော့ စိတ်ပူစရာ ဘာမျှမရှိနိုင်တော့ပါဘူး။
ဖေ့စ်ဘုတ် လဲမရှိတော့ ကြံဖန် တွေးပူ စရာလဲ မလိုတော့ဖူးလေ ။

ခင် လဲ ဖေ့စ်ဘုတ် သုံးလာတာ တစ်နှစ်လောက် ရှိပြီထင်တယ် ။
ခင့် ရဲ့ ပုံတွေထဲမှာတော့ မျက်လုံးပြူး နှုတ်ခမ်းဆူနေတုံးပါဘဲ ။ ဒါပေမဲ့ ကိုယ်တစ်
ပိုင်းပုံ တွေမှာ ၀တ်ထားတဲ့ အင်္ကျီက တခါတလေ ပုခုံးပေါ်မှာ လက်သန်းလောက်
သာရှိတဲ့ ပန်းရောင် ဒါမှမဟုတ် အပြာရောင် ကြိုးတစ်ချောင်းဘဲတွေ့ ရတော့တယ်။
မျက်လုံးတွေကအရင်လိုမတောက်ပတော့ဘူး။ အပြုံးတွေမှာ နုပျိုမှု တွေ ရော့လာ
သလိုဘဲ။ တကိုယ်လုံးပုံတွေမှာလဲ တခါတလေ ဗိုက်တွေပေါင်တွေ မြင်နေရတယ်။
လိုက်တွေကတော့ ပေးနေကြတုံးပါဘဲ ။ ကွန်မဲန်းတွေလဲ ဂျပန်လို ၊ ကိုးရီယားလို ၊
ဘာသာစုံ နဲ့  ရေးနေကြတာ အရင်ကထက်တောင် များလာသလိုဘဲ ။
တကယ်ချစ်စရာကောင်းလို့ ပေးကြတာလား။ အားနာလို့ ပေးကြတာလား။
ဖေ့စ်ဘုတ် ပေါ်တက်သူတိုင်း လိုက်တွေ ကွန်မဲန်းတွေ ပေးရမယ်လို့ ယူဆကြ
လို့ လား ။ မုသာဝါဒါကံ ကျူးလွန်နေသလိုများဖြစ်နေမလားဘဲ ။

တကယ်လို့ ငရဲ ရောက်သွားပြီ ဆိုရင်တော့..
ဖေ့စ်ဘုတ် ထွင်တဲ့ ဇက်ကာဘာဂ် က အခုတလော ခလေးထိန်းနေရတာနဲ့ အိမ်မှု
ကိစ္စတွေနဲ့ အလုပ်ရှုပ်ပြီး မဟုတ်တာတွေ လျောက်မလုပ်နိုင်လို့  ငရဲ ရောက်ဖို့ မရှိ
တော့ ငရဲပြည်မှာ  ဖေ့စ်ဘုတ် သုံးလို့ ရနိုင်မှာ မဟုတ်လို့ ကြံဖန်တွေးပူ စရာတော့
မရှိနိုင်ဘူးပေါ့ ။ နောက်ပြီး လူ့ ဘ၀တုံးက၊ ကျောင်းက၊ အလုပ်က၊ သင်တန်းက၊
ဖေ့စ်ဘုတ် က၊ ဂျပန် ကိုးရီးယား နိုင်ငံတကာက သိကျွမ်း ခင်မင်ခဲ့ရတဲ့မိတ်ဆွေ
တွေ နဲ့ ပြန်ဆုံကြပြီး နုတ်ဆက်ကြ အပြန်အလှန် မိတ်ဖွဲ့ နေရတာနဲ့ မအားနိုင်တော့
လို့ စိတ်ပူရမဲ့ အချိန်တောင် ရှိမှာမဟုတ်တော့ဘူး နော် ။
ဒီတော့ ဘာစိတ်ပူစရာ ရှိတော့မှာလဲ ခင် ရယ် ။


.
.
ဟင်..
ဟိုမှာ မေ ဖေ့စ်ဘုတ် ပေါ်တက်လာပြီ နုတ်ဆက်လိုက်ဦးမယ် ။

ဟိုင်း ....
.
.
.
.
ပျော်ရွှင်ကြပါစေ
.
(တစ်ယောက်သောသူကိုရည်ညွှန်းပါသည်)
( why worry သရော်စာကို ပြင်ဆင်ဖြည့်စွက်ထားပါသည် )
.




No comments:

Post a Comment