Wednesday, May 14, 2014

Maharsi Sayadaw & Natminghi Audio file


 

  

 

 

 

 

 

 

 

*** မဟာစည် ဆရာတော် နှင့် နတ်မင်းကြီး စကားပြော တိတ်ခွေ ***

၁၉၅၁ ခုနှစ် ပတ်ဝန်းကျင် ကာလ တွင် မဟာစည် ဆရာတော် နှင့် နတ်မင်းကြီး တစ်ပါး
စကားပြော ခဲ့သည့်တိပ်ခွေ file ဖြစ်ပါသည် ။

ပုသိမ်မြို့  မှ ယောဂီတစ်ဦး ထူးဆန်းသော စကား ပြောနေ၍ လေ့လာရာ ပါဠိသံ နှင့်ဆင်တူသဖြင့် သိနားလည်သူ မှ နားထောင်ရာ နတ်တစ်ပါး ဝင်ပူးပြီး မဟာစည်ဆရာတော်နှင့် တွေ့လို ကြောင်း
ပြောပါသည် ။ ထိုယောဂီမ သည် သီလ သမာဓိ နှင့် ပြည့်စုံပြီး တရားအားထုတ်ခြင်းဖြင့်သာ အချိန်ကုန်နေသူ ဖြစ်သောကြောင့်လဲ နတ်ဝင်ပူး နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် မဟာစည် ဆရာတော် နှင့် တာဝန်ရှိသူများ ညှိနှိုင်းပြီး တွေ့ ဆုံမည့် နေ့ရက် ကိုသတ်မှတ် ကြပါသည် ။
  ထိုသို့တွေ့ဆုံရာတွင် ပါဠိ ကျွမ်းကျင် သော ဆရာတော် များ ဂုဏ်သရေ ရှိ ပုဂ္ဂိုလ် များ ပါဝင်စေလျက် တိတ်ခွေအသံဖမ်းစက်ဖြင့် လည်း အသံဖမ်း ယူခဲ့ပါသည် ။
ဝင်ပူးသော နတ် သည် ၃၇ မင်း ကဲ့သို့သော နတ်များ မဟုတ်ဘဲ စတုမဟာရဋ် အဆင့်ဝင် နတ်မင်းကြီး တစ်ပါး ဖြစ်ပြီး  အမည် နှင့် ဘုံ တည်နေရာ ကိုပါပြောဆိုခဲ့ပါသည် ။ နတ်မင်းကြီး နှင့် မဟာစည် ဆရာတော် တို့ ပါဠိ ဘာသာစကား ဖြင့် ပြော ဆိုကြပါသည် ။
၁ နာရီ ခန့် ကြာ ပြီး ထို တိတ်ခွေတွင် သက်သေပြချက် သဘောဖြင့် ရှင်းလင်းချက် များ လည်း ပါဝင်ပါသည် ။
ဥပမာ အားဖြင့် ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် နားထောင်ပြီး အသံလွှင့် ရန်သင့် မသင့် ကို ဆုံးဖြတ် ခဲ့ကြောင်း  လဲ ပါဝင်ပါသည် ။

  ယခု နောက်ပိုင်း ၄င်း file ဖွင့်မရ တော့ ၍ သိ ရှိုသူများ အနေဖြင့် ယနေ့ခေတ် လူငယ်များ ဗဟုသုတ ဖြစ်စေရန် အတွက် ပြန်လည် ဖော်ပြ ပေးရန်တောင်းဆိုကြပါသည် ။
 ယုံ မယုံ အ ငြင်း ပွား ခြင်းထက် ဤ အဖြစ်အပျက်မျိုး ရှိခဲ့ဘူးသည် ကို ဗဟုသုတ အတွက်
တင်ပြခြင်းဖြစ်ပါသည်။

( အဆိုပါ ယောဂီမှာ ရသေ့မ ဖြစ်ပြီး လူ အမည် မသင်းစိန် ၊ ဘွဲ့ အမည် မဟေမာရီ ဖြစ်ပါသည် ။ ပုသိမ် မြို့  သဒ္ဒမ္မ သီတဂူ တောရ ကျောင်း တိုက် နာယက ဆရာတော် ဘဒ္ဒန္တ အာစိက္ခဏ ၏
တူမ တော်စပ် ပါသည်)
( အောက်ပါ  link ကိုနှိပ်၍နားဆင်ပါ )

Maharsi & Natmingyi.mp3

တိုက်ရိုက်အသံထွက်မည်မဟုတ်ပါ
download ယူပြီးမှသာအသံပြန်ဖွင့်နားဆင်ပါ ။
.
.( thank you ) ..............
.
.
.
.
.
.
.
.
.
.

No comments:

Post a Comment