Friday, June 27, 2014

Shwe Sin Aye ' s page

























.
ရွှေစင်အေး မှတ်စု
(ပန်းချီပညာနဲ့ပက်သက်ပြီး)

ပန်းချီပညာသင်ယူနေဆဲဖြစ်သော ဝါသနာရှင်များနဲ့ ညီမလေး
မောင်လေးများအတွက် ဖြူစင်သော မေတ္တာဖြင့်

ပန်းချီကား တစ်ကားရေးဆွဲတော့မယ်ဆိုရင် အ ခြေခံ လိုအပ်ချက် လေးတွေ
1- paper or canvas
2- အရာဝထ္ထု ပုံစံ example (still life. landscape .portrait,etc.)
3- နည်းလမ်း ။ ဘယ်လိုမျိုးဆွဲမှာလဲ ။ example (realism or abstract or modern or .etc .)
4- အသုံးပြု ရေးဆွဲမဲ့ medium (water color . oil color .acrylic color.
     pastel color ,etc .)
5- ကိုယ်ပိုင် ဟန် ( ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ပန်းချီမှန်း သိနိုင်သော style )
6- ပန်းချီဆွဲနေချင်သော စိတ် (ပန်းချီကို ပျော်ရွှင်စွာ စိတ်ဝင်စားသော စိတ်အပြည့်ရှိရမယ်)

ပန်းချီဆွဲချင် စိတ် ရှိသော်လည်း အထက်ပါ အချက်များ အဆင့်သင့် ဖြစ်မနေပါက
ပန်းချီဆွဲချင် စိတ်လျော့ပါးသွားတတ်ပါတယ်။
ကြိုတင်ပြင်ဆင်ထားပါက ပန်းချီဆွဲချင် စိတ်ပေါ်ပေါက်လာပါလျင် အဆင့်သင့်ဖြစ်
နေသောကြောင့် ပန်းချီကို ပျော်ရွှင်သော စိတ်ဖြင့် ဆွဲနိုင် လာပါမယ်။

ပန်းချီ ဆွဲတဲ့အခါ မှာ ကိုယ့်ရဲ့ အားနည်းချက် အားသာချက် ကိုသိအောင် အရင်လုပ်သင့်ပါတယ်
၁။ ကိုယ့် ရဲ့ကျွမ်းကျင်မှု နဲ့ မကျွမ်းကျင်မှု
၂။ ကိုယ့်က ဘာကို ကြိုက်တာလဲ ။ ဘာကို မကြိုက်တာလဲ
   သေချာစဉ်းစားပြီး ကိုယ့်ရဲ့ခံစားချက်ကို ဖော်ထုတ်နိုင်ရပါမယ်။
   အဲ့ဒါမှ ဆွဲမဲ့ပန်းချီကားကို များစွာအထာက်အကူပြု ပါတယ်။
ပန်းချီကားကို ဦးဏှောက် တစ်ခုထဲနဲ့မဆွဲသင့်ပါ
ကိုယ့်ရဲ့ ခံစားချက်နဲ့ တွဲပြီးဆွဲသင့်ပါတယ်
ခံစားချက်ကို ဖော်ထုတ်နိုင် ဖို့ စကားများများပြောဖို့လိုတယ်။
ရင်ထဲမှာရှိနေသောခံစားချက်များ။
သူတစ်ပါးအားပေးနိုင်သောအကျိုးရှိသော စကားများ။
အတွေ့အကြုံက ဖြစ်ပေါ်လာသော စကားများသာ ဖြစ်ဖို့လိုတယ်။
မကြိုးစားပဲ ထွက်လာသောစကားများမပြောသင့်ပါ။
ကိုယ် ရဲ့ပန်းချီပညာကို တိုးတတ်အောင် အမြဲနည်းလမ်းရှာဖွေကြိုးစားရမယ်။
တစ်ခြားသူများရဲ့ပန်းချီကားများကြည့်ရမယ်။

#< သင်ယူနေတဲ့အချိန်မှာ ကိုယ်ကြိုက်သော ပန်းချီဆရာရဲ့ ပန်းချီကားများကို 
ကူးဆွဲလေ့ကျင့်သော အလုပ် တိုးတတ်မှုကို အထောက်အ ကူပြုတယ် >

# သင်ယူသော အချိန်တွင် COPY ကူးရေးဆွဲခြင်းသည် အဆင်ပြေသော်လည်း
ပန်းချီဆရာအလုပ်ဖြင့်ရပ်တည်လာပါက ကိုယ်ပိုင်ပန်းချီကားများသာ ဆွဲသင့်ပါတယ်။
ဆက်လက်ပြီး အ တွေ့အကြုံလေးများ ရေးပေးပါ့မယ် ။ နည်းနည်းလောက်ဖြစ်ဖြစ် ပန်းချီပညာလေ့လာသူများကို အထောက်အကူဖြစ်မယ်ဆိုရင်  ...
.
----------- ရွှေစင်အေး -----------


No comments:

Post a Comment