Friday, April 17, 2015
ထူးဆန်းသော ဗေဒင်ဆရာသောင်း ..
<< ဗေဒင်ယုံကြတယ်ဟုတ် >>
~ ဗေဒင်လို့ ပြောလိုက်ရင်
လက္ခဏာဆရာ ၊ နက္ခတ္တပညာရှင် ၊ အကြားအမြင် ရတဲ့ ဆရာ
တွေကို တွေးမြင်မိကြမှာပေါ့ ။ ယုံကြည်လက်ခံတဲ့လူတွေ များသလို
မယုံကြည်ဘူးလို့ ပြောတဲ့လူတွေလဲ မနည်းပါဘူး ။
ထူးဆန်း အံ့သြဖွယ် အကြောင်းအရာတွေနဲ့ ကိုယ်တွေ့ မကြုံဘူး လို့ ပါ ။
အသေးစိတ်ကိုတော့ ဒီမှာမဖော်ပြတော့ပါဘူး ။
တချိန်ကအကြောင်းအရာလေးတစ်ခုပေါ့ဗျာ ။
ပုဂံမြို့  တဖက်ကမ်း ကျွန်းချောင်းဓါတ်မြေသြဇာစက်ရုံ ကနေ 
ညောင်လှရွာမှာ အဲဒီဒေသ တ၀ိုက်မှာ နာမည်ကျော် လူသိများတဲ့ 
အကြားအမြင်ရတဲ့ ဆရာတစ်ယောက် ရှိပါတယ် ။ သူတို့ ကတော့
ခေါင်းစွဲရှိလို့ မှန်အောင် ဟောနိုင်တာပါလို့ ပြောကြတယ်။
ထူးဆန်းတာက ဆရာသောင်းက မွေးရာပါ မျက်စိမမြင်နိုင်ဘူး ။ 
မျက်မမြင်အကြားအမြင်ဆရာတွေနိုင်ငံအချို့ မှာလဲရှိပါတယ် ။
ဒါပေမဲ့ ဆရာသောင်း က လက္ခဏာ လဲဖတ်နိုင်သလို ကွန်ပြူတာနဲ့ 
တွက်ထားတဲ့ နက္ခတ္တဇာတာ ကိုတောင် ဖတ်ပြီးဟောပြခဲ့ပါတယ် ။
မေးခဲ့တဲ့လူကလဲ အသေးစိတ်ကို စစ်မေးခဲ့တာ ။
  အဲဒီအချိန်တုံးက လေကြောင်း နဲ့ သင်္ဘော နဲ့ သာ ရန်ကုန်
ကိုလာလို့ ရတဲ့တနင်္သာရီတိုင်းမြို့ တစ်ခုက မိသား ၂ယောက်
ကျွန်းချောင်းကို ရောက်လာနိုင်မလား
လို့ မေးလိုက်တာပါ ။
အစီအစဉ် မရှိတဲ့ မေးခွန်းတစ်ခုပါ၊
ဆရာသောင်းက ခေါင်းကို တချက်မော့လိုက်ပြီး တခဏအတွင်းမှာ
ပြန်ဖြေပါတယ် ။ နောက် ၂ ရက် ဆိုရင်ရောက် လာလိမ့်မယ် တဲ့ ။
ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ ၊ မေးတဲ့လူ ကျွန်းချောင်းရောက်နေတာ 
ရန်ကုန်က လူတွေမသိသေးတဲ့အချိန် ၊
တနင်္သာရီတိုင်း ကနေ ရန်ကုန်ကိုလာဖို့ လေယာဉ်လက်မှတ်
က သာမာန်လူအတွက် ၀ယ်ရ ခက်တဲ့အချိန် ၊
ရန်ကုန် ကနေ ပုဂံ ကိုအမြန်ဆုံးရောက်ခြင်ရင်လေကြောင်းနဲ့ 
လာရမယ် ။ ဒေါ်လာနဲ့ ဝယ်မှ ရနိုင်တဲ့ လေယာဉ်လက်မှတ် ။
ဒီလို အခြေအနေမျိုးမှာ နောက် ၂ ရက် ကြာရင် ရောက်လိမ့်
မယ်ဆိုတာ သိပ်မဖြစ်နိုင်ဖူး ။
ရှေ့ ပိုင်းမှာမေးထားတဲ့ မေးခွန်းတွေကို တိတိကျကျ ဖြေထားတဲ့ ဆရာသောင်းရဲ့ ပညာကိုတော့ လေးစားနေတော့ယုံရခက်နေတာပေါ့  ။
.
တကယ်ပါဘဲ 
မှန်လိုက်လေ ဆရာသောင်းရယ် ၊
နောက် ၂ ရက်အကြာမှာ ပုဂံလေယာဉ်ကွင်းကို စက်ရုံကား
နဲ့ သွာကြိုလိုက်ရတယ်ဗျ ။
,
.
( thank you ) ............
.
.
.
.
.
.
.
.
.
.
No comments:
Post a Comment