Friday, April 17, 2015
ဘာတွေလာပြောမှန်းလဲမသိဘူး
>> ဘာတွေလာပြောမှန်းလဲမသိဘူး <<
.
အလုပ်ပိတ်ရက်တွေဆိုရင်
နေ့ လယ်စာကို ထမင်းဆိုင်မှာဘဲ စားနေကြပါ ။
ဒီနေ့ လဲ နေ့ လယ်စာ စားနေရင်း ဆိုင်အပြင်ဘက်ကို
ငေးကြည့်နေတုံး ....
" ဟေ့ တစ်ယောက်တည်း ဘာတွေငေးနေတာလဲ "
လှမ်းမေးရင်း လှပျိုဖြူ တစ်ယောက် ဘေးခုံမှာဝင်ထိုင်လိုက်
သည်ကို သိလိုက်ရ၍ လှည့်ကြည့်လိုက်ရာ မောင်နှမ သဖွယ် 
ခင်မင်ရင်းနှီးနေသူ ဖြစ်နေပါသည် ။
စကားပြန်မဖြေဘဲ ပြုံးရွှင်နေသော သူ့ မျက်နှာကို အတန်ကြာ
ငေးကြည့်နေမိပါသည် ။ သူတို့ ညီအမ များနှင့် ခင်မင်သိကျွမ်း
သည်မှာ နှစ်အတန်ကြာခဲ့ပါပြီ ။ ပွင့်ပွင့်လင်းလင်းနှင့် ရဲရဲတင်းတင်း
ပြောဆိုတတ်သော သူတို့ ညီအမ များ၏ နောက်ပြောင်ခြင်း ကိုလဲ 
မကြာခဏ ကြုံတွေ့ နေကြပါ ။
.
   ဒီနေ့ လဲ ညီမဖြစ်သူက အိမ်အတွက် စားစရာလာဝယ်ရင်း
လှမ်းတွေ့ ၍ လာနုတ်ဆက်ပုံ ရပါသည် ။ သူမ၏ ထူးခြားချက်တစ်ခုမှာ 
အမြဲတမ်းပြုံးရွှင်နေသော မျက်နှာ အမူအရာ ဖြစ်ပါသည် ။
စကားပြန်မဖြေဘဲ သူ့ မျက်နှာကိုသာ ကြည့်နေသည့်အတွက်
" တစ်ယောက်ထဲ ဘာတွေလွမ်းနေတာလဲလို့ မေးနေတယ်လေ "
ထပ်မံမေးလာသော အခါ 
တစ်ခုခု ပြန်ကြည်စယ်လိုစိတ် ဖြစ်ပေါ်လာသဖြင့် ခေါင်းတစ်ချက်
ငြိမ့်ပြလိုက်ပြီး  ဦးခေါင်းကို သူမအနီးသို့ တိုးလိုက်ပါသည် ။
နှစ်ကိုယ်ကြား ပြောလိုသည့်သဘောပေါ့ ။
သူမလဲ ရှေ့ သို့ အနီးငယ် တိုးလာပါသည် ။
ရုံးပိတ်ရက်ဖြစ်၍ ဆိုင်မှာ လူရှင်းပါသည် ။
ကျယ်ကျယ်ပြောလဲ မည်သူမျှ နားမလယ် ဂရုစိုက်မည်လဲ မဟုတ်ပါ ။
ပြုံးရွှင်နေသောသူ့ မျက်နှာ ကို တစ်ချက်ကြည့်ပြီး ပြုံးပြလိုက်ရင်း
" ဒီနေ့ ဒီလိုအချိန်မှာ "
စကားအစမှာဘဲ
" အဲဒါ ဘာဖြစ်လဲ "
ခါတိုင်းလိုဘဲ ပြုံးပြရင်း စကားလာထောက်ပါသည် ၊
" ပြောမလို့ ဘဲ နားထောင် .. အခုအချိန်မှာ
နင်သာ ငါ့ရည်းစားဖြစ်ရင် သိပ်ပျော်ဖို့ ကောင်းမှာဘဲ လို့ 
"
ပြောစကားမဆုံးခင် ပန်းရောင်သန်းသွားသောသူ့ မျက်နှာကို
တွေ့ ရ၍ ရှက်သွေးဖြာတယ်ဆိုတာများလားလို့ တွေးလိုက်မိပါသည် ။
" ဘာတွေလာပြောမှန်းလဲမသိဘူး "
ဆိုပြီး ထိုင်ရာမှ ရုတ်တရက်ထ 
ကောင်တာတွင် မှာယူထားသည်များကို 
ငွေရှင်းပေးရင်း ထွက်သွားသောသူ့ ကျောပြင်ကို လှမ်းကြည့်ရင်း
ငါဘာများ ပြောမှားဆိုမှား လုပ်မိလို့ လဲ ? ? ?
ဟု တွေးနေမိပါတော့သတည်း ...
.
.
( ပျော်ရွှင်ကြပါစေဗျာ )
No comments:
Post a Comment