Saturday, May 16, 2015

Future of Daw Aung San Su Kyi

~ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မဖြစ် ~
.
  အောက်ဖော်ပြပါ snip ရုပ်ပုံတွင် ပါရှိသော ဗေဒင်ဟောကိန်းကို ဆရာတော် တစ်ပါး
က ၁၉၈၈ ခုနှစ်တွင် ဟောကြားခဲ့ခြင်း ဖြစ်ပါသည် ။ နိုင်ငံတကာ စာဖတ်သူများ ဖတ်ရှု
နိုင်ရန် ရည်ရွယ်ပြီး အင်္ဂလိပ်စာဖြင့် ရေးသားခဲ့ပါသည် ။ ၁၉၉၀ ရွေးကောက်ပွဲအတွက်
ဟောခဲ့ခြင်းဖြစ်ပါသည် ။
သို့ ရာတွင် ၂၀၁၀ ရွေးကောက်ပွဲ တွင်ပါမှန်ကန်နေပါသည် ။ ဆန်းဗေဒင် နည်းစနစ်ဖြင့်
ဟောခဲ့ခြင်းဖြစ်ပါသည် ။ အများခေါ်တွင်သည့် အမည်ကိုသာ အခြေပြု ဟောခြင်းဖြစ်၍
မည်သည့်တွက်ချက်မှု မျှ မလိုအပ်ပါ ။
ယခု ၂၀၁၅ နှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မဖြစ် ဝေဖန်မှု
များ ဖြစ်ပေါ်လာသောအခါ ၁၉၈၈ က ဟောကိန်းနှင့် ပြန်လည် သုံးသပ်ခြင်းဖြစ်ပါသည်။
.


























.

    ၂၀၁၀ နောက်ပိုင်းတွင် အစိုးရ၏သတင်းမီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည် ဟု
ခေါ်တွင်ခြင်းထက် ဒေါ်စု သို့ မဟုတ် ဒေါ်စုကြည် ဟုသာခေါ်တွင် သုံးစွဲကြပါသည် ။
သို့ ရာတွင် ၂၀၁၅ ခုနှစ် နီးလာသောအခါ သတင်းမီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည်
ဟု ပြန်လည်သုံးစွဲ လာသည်ကို သတိပြုမိပါသည် ။
ထို့ ကြောင့်
အများခေါ်တွင်သည့် ဒေါ်အောင်ဆန်းစုကြည် ၏ အမည်ကို အခြေပြုဟောခဲ့သော ဟောကိန်း
သည် ဆက်လက် မှန်ကန်နေဦးမည် ဖြစ်ပါသည် ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မဖြစ် မေးခွန်းနှင့် ပတ်သက်လျင်
၁၉၈၈ ဟောကိန်း အတိုင်း ( She can't get the Power ) သာဖြစ်ပါလိမ့်မည် ။
but she is still going strong ....
and 
WE ALL STILL GOING STRONG ....
.
.( အကြောင်းကြောင်းကြောင့် ဟောကိန်းမှားခဲ့လျင်လည်း ၀မ်းသာမိမှာပါ )
( အေးချမ်းအောင်မြင် )
.

No comments:

Post a Comment