Sunday, June 14, 2015

Face the Challences


















~ ပဲကျောင်းလေး အလွမ်းပြေ ~
=============================
.
     မဟာရန်ကုန်ရွှေမြို့ တော်ကြီးရဲ့  ကျောက်တံတားမြို့ နယ် ၊ ဗိုလ်ချုပ်အောင်ဆန်း
လမ်း နဲ့  ၃၈ လမ်း ထိပ်မှာ အခြေခံပညာ အထက်တန်းကျောင်း
တစ်ခုရှိပါတယ် ။
 အဲဒီနေရာမှာ အထက်တန်းကျောင်း တစ်ခုရှိတယ်ဆိုတာကို ကျောက်တံတားမြို့ နယ်
ထဲမှာနေတဲ့သူ အတော်များများ မသိကြပါဘူး ။ ပဲကျောင်း လို့ လဲ ခေါ်ကြပါတယ် ။
ဘာဖြစ်လို့ လဲဆိုတော့ အဲဒီနေရာမှာ  မြန်မာဘုန်းကြီးကျောင်း တည်ရှိခဲ့ဘူးလို့ ပါ ။
တိုက်အိမ်တွေပြည့်နေတဲ့ ကျောက်တံတားမြို့ နယ်ထဲမှာ သစ်ပင်တွေ မြေကွက်လပ်လေး
တွေရှိနေတဲ့ အထက်တန်းကျောင်းဝင်းလေး လည်းဖြစ်နေပါတယ် ။
 တစ်နေ့ မှာ အမျိုးသမီးငယ် ၂ ယောက် အဲဒီကျောင်းရှိရာကို ၂ နာရီ ကျော်ကြာအောင်
မေးမြန်းစုံစမ်းပြီးမှ ရောက်လာပါတယ် ။ ကျောင်းဝင်းထဲရောက်တော့ ကျောင်းသူအချို့ 
ကို န၀မတန်းက မဇာခြည် ကို သိသလားလို့ မေးတော့ သိသူမရှိလို့  ကျောင်းရုံးခန်းထဲ
ရောက်လာပြီး ကျောင်းအုပ်ဆရာမကြီးနဲ့ တွေ့ ပါတယ် ။
တွေ့ စမှာ ဆရာမကြီးက မျက်နှာတည်တည် ၊ အနည်းငယ်မာမယ်ထင်ရတဲ့လေသံနဲ့ 
လာရင်းကိစ္စကို မေးလိုက်ပါတယ် ။
 ဒီတော့ အမျိုးသမီးငယ်တစ်ယောက်က သူတို့ က  xxxxxx  ကျောင်း ( ရန်ကုန်မြို့ မှာလူ
သိများ ထင်ရှား တဲ့ကျောင်းတစ်ခု) က ဖြစ်ကြောင်း ၊ အဲဒီကျောင်းက ဦးစီးကျင်းပတဲ့
သချာင်္ ဥာဏ်စမ်းပြိုင်ပွဲ မှာ ကျောက်တံတားမြို့ နယ် ကျောင်းက ကျောင်းသူတစ်ယောက်ဆု
ရလို့  ဆုချီးမြှင့်ပွဲမှာ ကျောင်းက ကိုယ်စားလယ် ၂ ယောက် တက်ရောက်ဖို့ ဖိတ်စာလာပေး
တာဖြစ်ကြောင်း ရှင်းပြပါတယ် ။
   အဲဒီအချိန်လေးမှာ ဆရာမကြီးအနေနဲ့ အတော့်ကို အံ့သြ၀မ်းသာသွားရသလို ဒီ ခလေးမ
၂ ယောက် လာလိမ်နေတာတော့ မဖြစ်လောက်ပါဘူး လို့ လဲတွေးနေမိပါတယ်၊  ဘာဖြစ်လို့ 
လဲဆိုတော့ သူတို့ ကျောင်းအနေနဲ့ ဝင်ရောက် ပြိုင်တဲ့လူ မရှိသလို သူတို့ ကျောင်းအနေနဲ့ 
ဒီလို ပြိုင်ဖို့ မလွယ်ဘူး ဆိုတာ သိနေလို့ ပါ ။
     ရပ်နေတဲ့ ခလေးမ ၂ ယောက်ကို ထိုင်ခိုင်းပြီး အသေးစိတ် မေးရတာပေါ့ ။
   သချာင်္ဥာဏ်စမ်းပြိုင်ပွဲ ကို နှစ်စဉ် ကျင်းပခဲ့ပြီး အထက်မြန်မာပြည် အောက်မြန်မာပြည်
ဆိုပြီး ၂ နေရာခွဲပြီးပြုလုပ်တဲ့အကြောင်း ၊ အောက်မြန်မာပြည်က ၀င်ရောက်ဖြေဆိုသူ ၇၀၀
ကျော်ထဲက ပထမ ကနေ အဆင့် ၂၀ အထိ ရတဲ့သူကို ဆုချီးမြင့်ပေးတဲ့အခါ ကျောက်တံတား
မြို့ နယ်က န၀မတန်ကျောင်းသူ မဇာခြည် ဆုရတဲ့ အတွက် ဖိတ်စာလာပေးတာ ဖြစ်ကြောင်း
ပေါ့  ။ ဆရာမကြီးအနေနဲ့ ကြားရတဲ့သတင်းကို မယုံနိုင်အောင်ဖြစ်နေပါတယ် ။
 ဒီလို ၀င်ပြိုင်တာ သူဘာဖြစ်လို့ မသိလိုက်ရတာလဲပေါ့ ။ ဒီတော့ န၀မတန်ကျောင်းသူ
မဇာခြည် ကို အခေါ်လွှတ်လိုက်ပါတယ်။ မဇာခြည် နဲ့ သူ့ အတန်းပိုင်ဆရာမ ရောက်လာတော့
ဆရာမကြီးက မေးရတော့တာပေါ့ ။ အတန်းပိုင်ဆရာမကိုယ်တိုင်လဲ အံ့သြ၀မ်းသာဖြစ်နေ
ပါတယ် ။ မဇာခြည် ကရှင်းပြပါတယ်။
အဲဒီ ဥာဏ်စမ်းပြိုင်ပွဲ သတင်းကို သူငယ်ချင်းတွေဆီကသိရတဲ့အခါ ၀င်ပြိုင်ကြည့်ခြင်လို့ 
ဝင်ခွင့်လျှောက်လွှာကို မိတ္တူကူးပြီး ၀င်ပြိုင်တဲ့အကြောင်း၊ ၀င်ပြိုင်တာကို အမေ နဲ့ 
အပြင်ကသူငယ်ချင်းအချို့ တာသိကြောင်း ၊ ၀င်ပြိုင်တဲ့ အတွေ့ အကြုံလိုချင်တာဖြစ်
ကြောင်း ၊ ဆုရမယ်လဲ မမျှော်လင့်ပေမဲ့အတတ်နိုင်ဆုံးကြိုးစားခဲ့ကြောင်း ရှင်းပြတာပေါ့။
 အကြောင်းဆုံသိပြီးတဲ့နောက် ၊ ဖိတ်စာလာပို့ တဲ့ အမျိုးသမီးငယ် ၂ ယောက် ပြန်သွားတဲ့
အခါ ဆရာမကြီးနဲ့  အတန်းပိုင်ဆရာမ ပါ မဇာခြည် ကို ၀မ်းသာအားရ နဲ့ ချီးကျူးစကား
ပြောကြပါတယ် ။
ပြီးတော့ ဆရာမကြီးက မဇာခြည် လက်ကို ဆွဲပြီး စာသင်ခန်း အားလုံးကို ၀င်ရောက်ပြီး
ဒီကျောင်းသူလေးက ကျောင်းရဲ့ ဂုဏ်ကို ဆောင်ယူပေးခဲ့ကြောင်း ၊ သူ့ လို ကြိုးစားစေ
လိုကြောင်း ၊ စသည်ဖြင့် အားကျ အတုယူစေလိုသောဆန္ဒဖြင့် ပြောဆို အသိပေးခဲ့ပါတယ် ။
 မဇာခြည် အိမ်ပြန်ရောက်တော့ အမေဖြစ်သူကို ဆရာမကြီးက ဒီလို တစ်ခန်းဝင် တစ်ခန်း
ထွက် လိုက်ပြောပြတာကို ရှက်လိုက်တာ ဆိုပြီးတော့ပေါ့ ။
 တကယ်တော့ ၀ါသနာအရ စိမ်ခေါ်မှုတစ်ခုကို သွားပြီးရင်ဆိုင် လိုက်တာပါဘဲ ။
.
ခလေး ၂ ယောက်ကို ဒီလို ပဲကျောင်းမှာ ထားတာကိုလဲ မိဘ တွေကို ပြောကြပါတယ် ။
ဘာဖြစ်လို့ ဒဂုံ ( ၁) မှာ မထားတာလဲ ၊ ဘာဖြစ်လို့  ဗိုလ်တထောင် ( ၅ ) မှာ မထားကြ
တာလဲပေါ့ ။ မိခင်ဖြစ်သူက အမြဲတမ်း ပြန်ဖြေတဲ့စကားက ခလေးတွေကိုယ်တိုင် ကြိုးစား
ချင်စိတ်ရှိဖို့ နဲ့  မိဘတွေ အနေနဲ့ အတတ်နိုင်ဆုံး ကူညီထောက်ပံ့ ပေးနိုင်ဖို့ ပါ ဘဲ။
.
 သချာင်္ ဥာဏ်စမ်းပြိုင်ပွဲ အတွက်ဆုချီးမြှင့်ပွဲမှာ ဆရာမကြီးအနေနဲ့ များစွာဂုဏ်ပွင့်ခဲ့ပါတယ်။
ပဲကျောင်းက ကျောင်းသူတစ်ဦး အနေနဲ့  နာမည်ကြီးတဲ့ ကျောင်းတွေနဲ့  ယှဉ်ပြိုင်ပြီး ဆု ရယူ
ခဲ့လို့ ပါဘဲ ။
  အဲဒီနောက်မှာ မှန်ဘောင်သွင်းထားတဲ့ မဇာခြည်ရဲ့ ဓါတ်ပုံ ကို ကျောင်းရုံးခန်းထဲမှာ အမှတ်
တရ ချိတ်ဆွဲ ပေးခဲ့ပါတယ် ။ ကျောင်းဂုဏ်ဆောင်ယူပေးခဲ့သူ အဖြစ်ပေါ့ ။
.
  မိခင်ဖြစ်သူ လမ်းကြုံလို့  ၃၇ လမ်းထဲကို ဖြတ်သွားတဲ့အခါတိုင်း ကျောင်းရုံးခန်းထဲမှာချိတ်ဆွဲ
ထားတဲ့ သမီးဖြစ်သူရဲ့ ဓါတ်ပုံကို  လမ်းပေါ်က တဆင့် လှမ်းကြည့်ရင်း ဂုဏ်ယူ
အလွမ်းဖြေနေရပါတယ် ။
  အခုဆိုရင် မဇာခြည် တစ်ယောက် Albany, NY, United States က Poly College of
Nanoscale Science & Engineering ပညာဆက်လက်သင်ယူနေပါတယ် ။
.
.
.( thank you )...................
..
.
.
.
.
.
.
.
.

.

No comments:

Post a Comment