Sunday, November 22, 2015

Pa Pa's Love


.












~ ဖေဖေ အိုသွားပြီလားကွယ် ~
.
ဖေဖေ့ သားနဲ့ သမီးသို့  ..........
ဖေဖေ အိုသွားပြီထင်ပါရဲ့ ၊
.
ဟို တစ်နေ့ က ၊
ထမင်းဆိုင်မှာ နေ့ လည်စာ သွားစားတော့ ဆိုင်ရှင်
အမျိုးသမီးက " ဘဘ ဘာစားမလဲလို့ " မေးလိုက်တယ်။
ဖေဖေ့ ဘ၀မှာ ပထမဦးဆုံး ကြားလိုက်ရတဲ့စကားပါဘဲ ။
မနှစ်က ၊
မြန်မာပြည် ပြန်မရောက်တာ ရ နှစ် ရှိပြီမို့  တစ်ခေါက်ပြန်
ရောက်တဲ့အခါမှာလည်း ဘယ်သွားသွား ဘယ်ရောက်ရောက်
" ဦး ၊ ဦးလေး " နဲ့  အခေါ်ခံနေရတော့
စိတ်ထဲမှာ တစ်မျိုး ဖြစ်ဖြစ်သွားခဲ့ရတယ်။
စိတ်ချမ်းသာစရာ စကားမဟုတ်သလိုဘဲ။
၆၀ ပြည့်ဖို့ တောင် အတော်လိုနေသေးတယ်လေ။
.
သဘာဝတရားမို့  လွန်ဆန်လို့ မရနိုင်တာကို
ဖေဖေ နားလည်ပါတယ်။
နုပျိုလန်းဆန်း နဲ့  အိုမင်းရင့်ရော် ဆိုတဲ့ကြားမှာ
Turning Point ဆိုတာ ရှိပါတယ် ။
ဘယ်လူမဆို အဲဒီ Turning Point ကို ကျော်ဖြတ်လာပြီဆိုရင်
နောက်ပြန်လှည့်လို့ မရတော့ပါဘူး။
အိုမင်းရင့်ရော် ရှေ့ မှာက သေခြင်း ဆိုတာ ရှိနေတယ်လေ ။
.
ဖေဖေ ဘာလုပ်လုပ် ရည်ရွယ်ချက်ကိုအောင်မြင်အောင်
မပျက်ရလေအောင် ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။
သားသား နဲ့  မီးမီး တို့ ပြန်သတိရမိမယ် ထင်ပါရဲ့ ၊
ကလေးငယ် အတော်များများက ဆရာဝန်တွေနဲ့ တွေ့ ရင်
အော်ငိုကြတာ များပါတယ် ၊
ဆေးတောင်မထိုးရသေးဘူး နားကြပ်မြင်တာနဲ့ စငိုပြီ ။
အဲဒီအထဲမှာတော့ သား နဲ့ သမီး တို့ မပါပါဘူး ။
သိနားလည်လောက်တဲ့ အရွယ်ကတဲက နားကြပ်တွေ
ဆေးထိုးအပ်တွေ ပါတဲ့ အရုပ်တွေနဲ့ ဆော့ကစားနေရတော့
ဆရာဝန် ဆိုတာက ဖေဖေတို့ အသိတွေလို့ ဘဲမြင်တော့မှာပေါ့ ။
ဆရာဝန် ဆီက နားကြပ်ကို အရင်တောင်းပြီး ပေးကိုင်လိုက်တော့
အိမ်မှာ ရှိနေတာမျိုးဘဲ မြင်တော့မှာပေါ့ ။

ရဲ တွေ စစ်သားတွေမြင်ရင်လဲ မကြောက်ကြပါဘူး ။
အိမ်မှာက M16 တွေ AK 47 စတဲ့ လက်နက်အရုပ်တွေ အစုံ
ဝယ်ထားပေးတော့ လမ်းမှာတွေ့ ရတဲ့ ရဲဘော်ကတောင်
သားသားဆီက သေနတ်နဲ့ လာလဲချင်နေသေးတယ်လေ ။

မှတ်မိဦးမှာပေါ့ ။
ပြပွဲတစ်ခုမှာ နိုင်ငံအကြီးအကဲ တစ်ယောက်နဲ့ ထိပ်တိုက်ဆုံတွေ့ တော့
သား နဲ့ သမီးတို့ ကို လက်အုပ်ချီစရာမလိုဘူး ရှေ့ တိုးသွားပြီး လက်ဆွဲ
နုတ်ဆက်လို့ တောင် တွန်းအားပေးခဲ့တာလေ ။
ဖေဖေတို့ ငယ်ငယ်တုံးကဆိုရင်
သမတကြီးရဲ့ ကားတန်းလာတယ်လို့ သိရရင် သူများတွေ နောက်ဆုတ်
သွားနေကြချိန်မှာ ဖေဖေတို့ က လမ်းနဲ့ နီးအောင်ကိုရှေ့ တိုးသွားပြီး
ကားထဲက သမတ ကိုမြင်တာနဲ့ လက်ပြနုတ်ဆက်ကြတယ်။
သမတကြီးက ရီပြပြီး လက်ပြန်နုတ်ဆက်တတ်မှန်းသိနေတယ်လေ။
အကြောက်တရားနဲပါးအောင် ကိုယ့်အားကိုယ်ကိုးအောင် အတော်များများ
သင်ပေးခဲ့  လုပ်ခိုင်းခဲ့ ပြီးပြီဘဲ။
.
တစ်ခုတော့ရှိတာပေါ့လေ။
မိဝေး ဖဝေး ဆိုတဲ့စကားက ဖေဖေတို့ မိသားစု ကိုညွှန်းနေသလိုဘဲနော်။
ဘာတတ်နိုင်မှာလဲလေ ။ ကံ ကံ၏ အကျိုးလို့ ဘဲ မှတ်ရမှာပေါ့။
သား နဲ့  သမီး တို့ ကို ဖေဖေ စိတ်ချပါတယ် ။
ငယ်ငယ်ကတဲက ဘယ်အရာမှ အလကားမရနိုင်ဘူး ဆိုတဲ့
Give and Take ဆိုတာ သိနားလည်ခဲ့ကြတယ်မဟုတ်လား။
အညာကျေးရွာတွေမှာနေထိုင်သူတို့ ရဲ့  ဆင်းရဲခြင်း မပြည့်စုံခြင်း
တွေကိုလဲ ကိုယ်တိုင်မြင်တွေ့ ခဲ့ကြဘူးပြီဘဲ ။
အဓိကကျတဲ့ ပညာရေးနဲ့ ပတ်သက်လို့ လဲ ဖေဖေတို့ အကောင်းဆုံး
ထောက်ပံ့ပေးခဲ့ပြီဘဲ ။
ကျန်တဲ့အပိုင်းကတော့ သား နဲ့ သမီး ကြိုးစား သင်ယူ ရျမှာပေါ့။
.
အခုဆိုရင်၊
သားက ကျောင်းပြီးလို့  ကိုယ်ပိုင်ဆိုင်ခွဲတွေနဲ့ 
လုပ်ငန်းခွင်ထဲ ရောက်နေပြီ ။
သမီး ဆိုရင်လဲ ကျောင်းမပြီးသေးပေမဲ့
အခု ကျောင်းဓါတ်ခွဲခန်းမှာ ပါဝင်စမ်းသပ်နေတာတွေ
အောင်မြင်ခဲ့ရင်လဲ ဆေးပညာလောကမှာ ဂုဏ်ယူစရာဘဲလေ ။
.
ဒီတော့၊
ဖေဖေ ဒီထက်ပိုပြီးလဲ အမြင့်ကြီးမမှန်းပါဘူး ။
ဖြစ်ပေါ်လာသမျှအခြေအနေကိုလိုက်ပြီး
အားလုံးနဲ့  ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြဖို့ ဘဲလိုပါတယ် ။
ကံ ကံ၏အကျိုးပေးပေါ့ ။
.
( William )
.
.
.
.
.
.
.

No comments:

Post a Comment