Wednesday, March 9, 2016

The Prize of a Painting .




ပန်းချီကားတစ်ချပ်၏တန်ဖိုး
.
ကမ္ဘာကျော်ပန်းချီဆရာ ပီကာဆို ရဲ့  ပန်းချီကား ၄ ချပ်ကို
အထူးပြသတဲ့ ပြတိုက်တစ်ခုအတွင်းမှာဖြစ်ပါတယ် ။
ပေ ၃၀ ပတ်လည်လောက်ကျယ်တဲ့ အခန်းမှာ ပန်းချီကား 
၎ ချပ်ကို ပြထားပါတယ် ။ ပန်းချီကားတစ်ချပ်စီရဲ့ ရှေ့ မှာ
ထုထည်ကြီးတဲ့ သစ်သာခုံတန်းရှည် တစ်ခုစီချထားပေးပါတယ် ။
တစ်ခုသော ခုံတန်းရှည်ပေါ်မှာ လူနှစ်ယောက် ထိုင်လျက်
ပန်းချီကားတစ်ချက်ကို စိုက်ကြည့်နေပါတယ်။
တစ်ယောက်ကမျက်မှန်တပ်ထားပြီးသပ်ရပ်စွာ ၀တ်စားဆင်ယင်
ထားပါတယ် ။ ပညာရှင်တစ်ယောက်ဖြစ်ပုံရပါတယ် ။
ပန်းချီကားကို တစ်ကွက်ခြင်းလေ့လာဆန်းစစ်နေပါတယ်။
ဘယ်လိုနည်းနဲ့ ဆွဲထားတယ်၊ အရောင် ဘယ်လိုသုံးထားတယ်၊
ဘာဖြစ်လို့ ဒီလိုဆွဲရတယ်၊ အခြားနည်းနဲ့ ပြောင်းဆွဲရင်ဘယ်လို
ဖြစ်လာနိုင်တယ် စသည်ဖြင့် စဉ်းစားတွေးတောရင်း ပန်းချီကား
ထဲမှာ နစ်မျောနေပုံရပါတယ်။
နောက်တစ်ယောက်ကတော့ သာမန်ရိုးရိုးရှင်းရှင်းဝတ်ထားပြီး
အသက်နဲနဲပိုကြီးပုံရပါတယ်။
ကမ္ဘာကျော်ပန်းချီကားတွေ လာရောက်ပြသတယ်ဆိုလို့ 
မြင်ဘူးသည်ရှိအောင်လာကြည့်တာပါ။
လူအတော်များများက ခုံတန်းရှည်မှာထိုင်ပြီး ပန်းချီကားချပ်
တွေကိုငေးစိုက်ကြည့်နေကြတာမြင်တော့ သူလည်းလွတ်တဲ့
နေရာတစ်ခုမှာ ၀င်ထိုင်ပြီး စိုက်ကြည့်နေပါတယ်။
" ကြာကြာစိုက်ကြည့်ရင် 3D လိုမျိုး ပုံက ဖောင်းကြွလာမှာလား "
" ကြာကြာစိုက်ကြည့်မှ ပုံကပြောင်းလဲလာမှာလား  " စသည်ဖြင့်
အမျိုးမျိုးတွေးရင်းကြည့်နေပါတယ်။ အချိန်တာ ကုန်သွားတယ်
ပုံကဘာမျှပြောင်းလဲမလာတာကြောင့်
" ဒီလိုဘယ်လိုမှ နားမလည်နိုင်တဲ့ပန်းချီကားကို ဘာဖြစ်လို့ ငွေကြေး
များစွာပေးဝယ်နေကြပါလိမ့် " လို့ လည်း တွေးနေမိပါတယ်။
.
အဲဒီအချိန်မှာ ပြခန်းရဲ့ အထွေထွေဝန်ထမ်းတစ်ယောက်
သူတို့ အနားကဖြတ်လျောက်သွားပါတယ်။
တာဝန်အရ ၁ နာရီတစ်ခါ သန့် ရှင်းရေးတာဝန်နဲ့ လှည့်လည်
စစ်ဆေးနေတာပါ ။ တစ်ပတ်နေ တစ်ခါလောက်တောင် လှဲစရာ
အမိုက်မရှိပါဘူး။ ၀တ္တရားအရတော့ လူရှင်းရင် ၀င်လှဲပေးရပါတယ် ။
ပြီးခဲ့တဲ့ နာရီဝက်လောက်က မန်နေဂျာအခန်းကို သွားတုံး သတိထားမိတဲ့
လူနှစ်ယောက်  အခုချိန်ထိ ထိုင်ငေးနေတာမြင်ရတော့
စိတ်ထဲမှာရေရွတ်မိပါတယ်။
" ဒီလူတွေ အတော်အားနေပုံရတယ် ၊ ဘယ်လိုမှ နားမလယ်နိုင်တဲ့
ပန်းချီကားကို အချိန်ကုန်ခံပြီးထိုင်ကြည့်နေကြတယ် "  လို့  ......
.
နောက်အကြောင်းအရာတစ်ခုကတော့ မြန်မာပြည် ထဲမှာပါ။
ကိုယ်တွေ့ ဆိုပါတော့ ၊ နဲနဲ ချဲ့ ကား ပြင်ဆင် ဖြည့်စွက်ထားပါတယ်။
.
ပန်းချီဆရာတစ်ယောက်ရဲ့ အိမ်ကို ဇနီးဖြစ်သူရဲ့ ဦးလေးတစ်ယောက်
တောကနေ အလည်လာပါတယ် ။
တူမတော်ရဲ့  ယောက်ကျားက ပန်းချီဆရာဆိုတော့ရောက်တုံးမှာ
ပန်းချီခန်းထဲ ၀င်ကြည့်ပါတယ်။  မြင်ဘူးအောင်ပေါ့ ။
နံရံတွေပေါ်မှာချိတ်ထားတာ ၊ နံရံဘေးထောင့်မှာစီပြီးထောင်ထားတာ ၊
စားပွဲအနိမ့်တစ်ခုပေါ်မှာ စီပြီးထပ်ထားတာ ၊ များပြားစုံလင်ပါတယ်။
ဘုရားပုံ ၊ လူပုံ ၊ ရှုခင်းပုံ အမျိုးမျိုးနဲ့ ဘာဆွဲထားမှန်း မသိတာတွေလည်း
ပါပါတယ်။ လှည်ပတ် ဆွဲယူ ကြည့်ရင်းနဲ့  စားပွဲပေါ်မှာ တင်ထားတဲ့
ပန်းချီကား တစ်ချပ်ကို ယူကြည့်မိတဲ့အခါမှာ ဒြပ်မဲ့ပန်းချီ လိုမျိုးဖြစ်နေတော့
ဘာကိုဆွဲထားမှန်းမသိဘူးဖြစ်နေတာပေါ့ ။
ပန်းချီကားချပ်ကိုကိုင်ပြီး အပေါ်ထောင်လိုက် ၊ ဘေးလှဲလိုက် ၊
အပေါ်အောက်ပြန်ထောင်လိုက် ကြည့်နေတာ ဘာမှန်းမသိဖြစ်နေချိန်မှာ
အနားရောက်လာတဲ့ ပန်းချီဆရာကိုလှမ်းမေးလိုက်ပါတယ် ။
" ငါ့တူ ရေ ၊ ဒီပန်းချီကားချပ်က ဘယ်ဟာက အပေါ်အောက်လဲကွ ? ? ? "
.
.
.























.

.

No comments:

Post a Comment