Saturday, April 9, 2016

Myanmar New Year Feeling



















~ သင်္ကြန်ဖီလင် ~ ..
.
ဒေါက် ဒေါက် ဒေါက်
.
.
ဒေါက် ဒေါက် ဒေါက်
.
.
.
ဒေါက် ဒေါက် ဒေါက်
.
အိပ်မက်တော့မဟုတ်တော့ပါ ။
အသံကြားရသည် ။
အိမ် အပေါ်ထပ်ကလား???
ဘေးအိမ်ကလား???
ဒီနေ့ မီးပျက်တယ်ထင်ရဲ့ !!!
.
ဒေါက် ဒေါက် ဒေါက်
.
အိမ် တံခါးခေါက်နေတာဘဲ !!!
ဘယ်သူများလဲ ???
နယ်ကဧည့်သည်လား ???
.
အင်း
၎ နာရီဆိုတော့ မိုးတောင်မလင်းသေးဘူး ။
သန်းခေါင်ကျော်မှ အိပ်ရာဝင်တော့
အိပ်ရေးကလဲမ၀ ။
ဘယ်သူများပါလိမ့် ????????
အိမ်တံခါးမကြီးနဘေးမှာ တပ်ထားတဲ့
ဓါတ်ခဲသုံး မီးအိမ်ကိုအရင်ဖွင့် ၊
နောက်
တံခါးမကြီးကိုလဲ အဖွင့်
.
ဗွမ်း ကနဲ
.
အေး ကနဲ ဖြစ်ပြီး
တစ်ကိုယ်လုံး ရေစိုရွှဲသွားလို့  ၊
အပြင်ကိုလှမ်းကြည့်လိုက်တော့
ပြုံးရွှင်သောမျက်နှာထားနဲ့  ကို့ အချစ်ကလေး
ရေခွက်တစ်ခုကိုင်ရက် လက်နှစ်ဖက်က
လက်အုပ်ချီထားသလို ။
.
" နှစ်သစ်သင်္ကြန်မှာ
ကို့ ကိုဘယ်သူမှ ရေအရင် မလောင်းစေချင်လို့ ပါ
"

လို့ ပြောပြီး ရင်ခွင်ထဲ တိုးဝင်လာတဲ့ အချစ်ကလေးကို
ပြန်လည်ပွေ့ ဖက်ရင်း ...
.
ဒီနေ့  သင်္ကြန်အကြိုနေ့ ပါလား ....
.
နှစ်သစ်မှာ မိတ်ဆွေများအားလုံး လိုအင်ဆန္ဒပြည့်ဝကြပါစေဗျား ....
.
.
( အောင်ပါစေ )
.

No comments:

Post a Comment