Tuesday, January 17, 2017

Buddish Gone Daw

_/\_
.
* ထင်ပေါ်အောင်မြင်လိုသူများ ရွတ်ဖတ်ပူဇော်ရမည့်ဂုဏ်တော် *
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
(  ဘုရားဂုဏ်တော်နှင့်လောကီရေးရာ )
.
~ စက်ရုံ အလုပ်ရုံများတွင် ကြိုးစားအားထုတ် လုပ်ကိုင်
နေကြသူ အတော်များများသည် တာဝန်ရှိသူတို့ ၏ အသိ
အမှတ်ပြုမှု မခံရတတ်ပါ ။
~ အချို့ သောဝန်ထမ်းများသည် မိမိ ဘ၀ရှေ့ ရေးတိုးတက်
ရန် ကြိုးစားအားထုတ် လုပ်ကိုင်နေသော်လည်း ရာထူးတိုး
သောအခါများတွင် ကျန်ရစ်နေတတ်သည် ။
~ အချို့ သော အနုပညာသည်များသည် ရိုးသားစွာ ကြိုးစား
အားထုတ် လုပ်ကိုင်ဆောင်ရွက်နေသော်လည်း အောင်မြင်
ထင်ပေါ်မှုများနှင့် အလှမ်းဝေးနေတတ်သည် ။
~ ထိုသူများအနေဖြင့် မိမိလုပ်ကိုင်နေသော လုပ်ငန်းများ
အပေါ် အမှန်တကယ်စေသနာထား၍ ရိုးသားစွာဖြင့်လုပ်ကိုင်

နေသည် မှန်ကန်ပါက "ဘဂ၀ါ ဂုဏ်တော် " ကို နေ့ စဉ်
ရွတ်ဖတ် ပူဇော်ကြပါလေ ။
.
* ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော
မြတ်စွာဘုရား * ဟု မြတ်စွာဘုရား၏မျက်နှာတော်ပုံကို
အာရုံစိုက်ကာ အချိန်ရသ၍ ရွတ်ဖတ်ကြပါလေ ။
.
ရှေ့ အပိုင်းများကို မဖတ်မိသေးသူများအတွက် ပြန်လည်
ရေးပြလိုပါသေးသည် ။
အူမ တောင့်မှ သီလ စောင့်နိုင်မည်ကို ရည်ရွယ်၍
ဆရာတော် တစ်ပါးက ၉ လုံး ပုတီးကုံး များချီးမြင့်ပြီး
ဘုရားဂုဏ်တော် တစ်ပါးပါးကို ရွတ်ဖတ်ပူဇော်စေ၏။
.
လူငယ် အတော်များများက စေတီ ဘုရားများကို ဦးချ
ကန်တော့ ကြတော်လည်း သြကာသ ဘုရားရှိခိုးကို
မရွတ်ဆိုနိုင်သူ အတော်များများ ရှိနေသေး၏ ။
အလုပ်အဆင်ပြေလာလျှင် ဘုရားနှင့်ပိုမို နီးကပ်လာပြီး
ဒါနသီလ များ ပိုမိုအားထုတ် လုပ်ဆောင်နိုင်မည်
မျှော်လင့်မိခဲ့၏ ။
.
လွယ်လွန်းသည်ထင်၍ တန်ဖိုးမထားသူများလည်းရှိ၏ ။
လက်တွေ့ အောင်မြင်နေသူများ ကိုယ်တွေ့ ဖြစ်၏ ။
ဤကဲ့သို့  ပုတီးစိတ်ရုံမျှဖြင့် ကျိန်းသေအဆင်ပြေလာမှာလား
ဟုမေးလာလျှင် ကာယကံရှင်၏ ကံ ကံ၏အကျိုးပေးနှင့်
လည်း သက်ဆိုင်သေး၏ ။
.
" သုဂတော ဂုဏ်တော် " ကို ရွတ်ဆို ပွားများနိုင်လာသူများ
အနေဖြင့်
" အရဟံ = လူနတ် ဗြဟ္မာ သတ္တ၀ါ တို့ ၏ပူဇော်အထူးကို
ခံယူတော်မူထိုက်သော မြတ်စွာဘုရား " ဟု
* အရဟံ ဂုဏ်တော် * ကို ပူးတွဲ ရွတ်ဆို ပွားများစေ၏ ။
ပိုမို အကျိုးထူးလာစေရန် ရည်ရွယ်၏ ။
.
မည်သည့်ကောင်းမှုမျှ မလုပ်သည်နှင့်စာလျှင် တစ်ခုခုကို
စတင်ပြုလုပ်မိခြင်းသည် အကျိုးတစ်ခုခု ဖြစ်စေနိုင်၏ ။
.
ယုံကြည်စိတ်ချစွာ ပြုလုပ်ကြပါလေ ။
ဒါန သီလ ကုသိုလ်ပွားများသူ တိုးပွားလာရေး မျှော်တွေး
ကာ ဤစာကို ရေးပါ၏ ။
.

No comments:

Post a Comment