Thursday, April 20, 2017

Daw Khin Hla Tin story

.
စာစောင်များမှ ဖတ်ခဲ့ဘူးသော ဒေါ်ခင်လှတင် အကြောင်း ။
.












.
     မြန်မာပြည်တွင် တစ်ချိန်တုံးကဆိုရင် ဓမ္မစာပေ များသင်ယူလေ့လာလိုပါက
ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များတွင်သာ သင်ယူရသည်ကများပါသည်။
စာချဆရာများသည် သံဃာတော် ဆရာတော်များသာဖြစ်ပြီး စာချသီလရှင် မရှိ
သလောက် ရှားပါသည်။
  စာဝါလိုက် သံဃာ သီလရှင်များသည် ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များသို့ 
သွားရောက်သင်ယူရပါသည် ။ စာဝါလိုက်ရာတွင် ကြမ်းပြင်တွင် မှောက်၍ စာကူးယူရပါသည် ။ စာရေးနိုင်သော စားပွဲငယ်မထားရှိသည်ကများပါသည် ။
ထိုစဉ်က စာဝါလိုက်သော လူပုဂ္ဂိုလ် အမျိုးသားများသာရှိပြီး အမျိုးသမီးဦးရေ လွန်စွာ
နည်းပါးပါသည် ။
   ဒေါ်ခင်လှတင် အနေဖြင့် ကံကြမ္မာ အကျိုးပေးကောင်း၍ ဓမ္မစာပေ များကို သင်ယူခွင့်
ရခဲ့သလို စာမေးပွဲ များတွင်လည်း ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့ပါသည်။
  ထိုမှတဖန် အခြေအနေပေး၍ လေ့လာသင်ယူခဲ့သော ဓမ္မစာပေများကို ပြန်လည်
သင်ပေးပို့ ချခွင့်များ ရလာပါသည် ။ ထိုစဉ်အခါက အမျိုးသမီးစွမ်းဆောင်ရှင်များ၊
စွန့် ဦးတီထွင်သူများ စသည့် အသုံးအနှုန်း ခေတ်မစားသေး၍ အမျိုးသမီးစွမ်းဆောင်ရှင်
တစ်ဦးအနေဖြင့် သတ်မှတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါ ။
   အခြေအနေအရ ဓမ္မစာပေများကို ယခုခေတ်စာသင်ခန်းများကဲ့သို့  စားပွဲကုလားထိုင်
များဖြင့် စနစ်တကျသင်ပေးလာသောအခါ  စိတ်ဝင်စားသူ လူပုဂ္ဂိုလ်များ သင်ယူလေ့လာမှု
များလာပါသည် ။ ထိုအထဲတွင် ဌာနဆိုင်ရာအကြီးအကဲများ အရာရှိကြီးများလည်း လာရောက်
သင်ယူကြပါသည် ။
   တစ်နေ့ တွင် မဂ္ဂဇင်းစာစောင် ၂ ခုတွင် ဝေဖန်ရေး ဆောင်းပါး ၂ ပုဒ် ဖတ်ခဲ့ရပါသည်။
လှပသောအမျိုးသမီးငယ် ( တကယ်ပါ ) တစ်ဦးကို အသက်အရွယ်အားဖြင့်သော်၎င်း ၊
ရာထူးအားဖြင့်ဖြင့်သော်၎င်း ၊  ကြီးမြင့်သူများက အပြန်အလှန် လက်အုပ်ချီနေကြခြင်း ကို
 ဝေဖန်ရေး လာကြပါသည် ။
.













ဓမ္မစာပေသင်တန်းတွင် ဆရာမကို သင်တန်းသားများက မင်္ဂလာပါ ဟု အပြန်အလှန်
လက်အုပ်ချီကာ နုတ်ဆက်နေကြခြင်းကို ဝေဖန်ရေးသားခြင်းဖြစ်ပါသည်။
  ထိုဆောင်းပါးဖော်ပြပြီး နောက်တစ်လတွင် ပြန်လည်ဖြေရှင်း ရေးသားသော ဆောင်းပါး
များ စာစောင်များတွင် ဖတ်ရပြန်ပါသည် ။
ယဉ်ကျေးမှုအရ ၊ မင်္ဂလာတရားအရ နုတ်ဆက်ခြင်းသာဖြစ်ကြောင်း ဆရာမ ခန္ဓာကိုယ်ကို
လက်အုပ်ချီခြင်းမဟုတ် ၊ ဆရာမတွင်ရှိနေသော ဓမ္မတရားတော်များကို ရိုသေလေးစာမှု
ဖြင့် ပြုမူခြင်းဖြစ်ကြောင်း ဖြေရှင်းတုန့် ပြန်ကြပါသည်။
  ကောင်းမြတ်သောအပြုအမူ တစ်ခုကို မသိ နားမလည်သူက ဝေဖန်ခြင်းသာဖြစ်ပါသည်။
မင်္ဂလာရှိပြီး အပြန်အလှန် မေတ္တာပို့ သ ပြီးဖြစ်စေသည့် အပြုအမူဖြစ်ပါသည်။ 
သို့ သော် တစ်ခေတ် တစ်ချိန်၌ အုပ်ချုပ်သူလူတန်းစားကို အုပ်ချုပ်ခံများက လက်အုပ်ချီ
ကြိုဆိုရမည်ဟု လွဲမှားသော အယူအဆ တစ်ခု သွတ်သွင်းခံခဲ့ရဘူးပါသည်။
  ယခုအခါတွင် ဓမ္မစာပေများကို သင်ပေးပို့ လျသော ဆရာမများ မြန်မာပြည်တွင်း တွင်မက
နိုင်ငံတကာ၌္ဋပါ များစွာ တွေ့ မြင်လာရပြီ ဖြစ်ပါသည် ။
  မိမိ၏ မိတ်ဆွေအပေါင်းအသင်းများတွင် ဆရာမ ဒေါ်ခင်လှတင်၏ စေသနာ မေတ္တာဖြင့်
ပြည်ပသို့ လာရောက်ပြီး  သင်ပေးပို့ ချသော အဘိဓမ္မာ နှင့် ပဌာန်းပါဠိတော်များ သင်ယူ
 လေ့လာခွင့်ရရှိပြီး အဘိဓမ္မာ စာမေးပွဲ များတွင်လည်း ၀င်ရောက်ဖြေဆို အောင်မြင်နေကြပြီ
သိရ၍ ဆရာမ ၏ ဂုဏ်ကျေးဇူးကို မှတ်တမ်းတင်ဂုဏ်ပြုရင်း ဤစာကို ရေးသားလိုက်ပါသည်။
ဆရာမ အနေဖြင်း အသက်ရှည်ကြာ ကျန်းမာစွာဖြင့် သာသနာပြုလုပ်ငန်း ပိုမို ဆောင်ရွက်
နိုင်ပါစေ ။ ။

No comments:

Post a Comment