Friday, April 14, 2017

Last days of N. Korea President .

.














    လိုအပ်လျှင် အင်အားသုံးဖြေရှင်းမည်ဟူသော ကြွေးကြော်သံဖြစ် အမေရိကန်
စစ်သင်္ဘောတစ်စီး အဆင်သင့်ဖြစ်နေပါပြီ ။
မြောက်ကိုးရီးယားနိုင်ငံ ကလည်း အပြင်းထန်ဆုံး လက်တုန့် ပြန်မည်ဟု စိမ်ခေါ်
လိုက်ပါပြီ ။
မည်သူ နိုင်မည် ၊
မည်သည့် လက်နက်များ ပို၍ အစွမ်းထက်သည် တို့ ကို အဓိကထားမရေးလိုပါ ။
ပေးထားသော ခေါင်းစဉ် မှန်ကန်ကြောင်းကိုသာ ဆက်လက်ရေးပါမည် ။
  တရုပ်ရိုးရာ အဆိုအမိန့် တစ်ခုရှိပါသည် ။
မျိုးဆက်ပေါင်းများစွာကို အခြေခံလေ့လာထားခြင်းဖြစ်၍ လက်ခံ ယုံကြည် ကျင့်သုံးသူ
များပါသည် ။
  မိုးလေ၀သ ခန့် မှန်းသည်နှင့် ဆင်တူပါသည် ။
ကျွမ်းကျင်သူပညာရှင်တစ်ဦးအနေဖြင့် မည်သည့်နိုင်ငံတွင် ရောက်နေသည်ဖြစ်စေ
တွေ့ ရှိသော အချက်အလက်များကို အခြေခံပြီး ရာသီဥတု အခြေအနေများကို
အနီးစပ်ဆုံး မှန်အောင် ခန့် မှန်းနိုင်ပါသည် ။
  တရုပ်ရိုးရာ အဆိုအမိန့် မှာ  လူတစ်ယောက် မည်မျှပင် ချမ်းသာနေသော်လည်း
ထို ချမ်းသာခြင်း၏ အကျိုးဆက်ကို မျိုးဆက် ၃ ဆက် ထက် ပိုမခံစားနိုင် ဟု
ဆိုပါသည် ။
  တနည်းအားဖြင့် လူတစ်ယောက် မည်မျှပင် ဆင်းရဲ နွမ်းပါးနေပါစေ ၊
မျိုးဆက် ၃ ဆက် ထက်ပို၍ မဆင်းရဲနိုင် ဟု ဆိုနိုင်ပါသည် ။
  ထို အယူအဆသည် ကမ္ဘာပေါ်ရှိ လူသား အားလုံးအတွက် ဖြစ်နိုင်ပါသည် ။
မြန်မာပြည် လွတ်လပ်ရေးရပြီးစ ကာလ တွင် အိမ်ခန်း ၉၉ ခုပိုင်ဆိုင်သူ တစ်ဦး ရှိခဲ့ဘူး
ပါသည် ။ အိမ်ခန်း ၁၀၀ မပြည့်ခြင်းမှာ ဥပဒေအရ မည်သူမျ နေအိမ်ခန်း ၁၀၀ ပိုင်ဆိုင်
ခွင့် မရှိသောကြောင့် ဖြစ်ပါသည် ။
ယခုအချိန် မြေးများလက်ထက်တွင် ပျဉ်ထောင်အိမ် တစ်လုံးသာကျန်ပါတော့သည် ။
မိမိတို့ ၏ ပတ်ဝန်းကျင်ကို သတိထားလေ့လာလျှင် ဤကဲ့သို့ အဖြစ်အပျက်မျိုးကို
တွေ့ မြင်နိုင်ပါလိမ့်မည် ။
  ထို အယူအဆ အရ မြောက်ကိုးရီးယား သမတ ၏ မျိုးဆက်ကို လေ့လာကြည့်ပျှင်
ယခုအခါ တတိယ မျိုးဆက် သို့  ရောက်ရှိနေပြီဖြစ်ပါသည် ။
နောက်ဆုံး မျိုးဆက်ဖြစ်သွားနုင်ပြီး အစိုးရ အသစ် ထွက်ပေါ်လာရန်ရှိသည် ။
မြောက်ကိုးရီးယားပြည်သူများ၏ ဆင်းရဲကြပ်တည်းမှုများသည်လည်း ပပျောက်ရန်
လမ်းစပေါ်လာပြီ ဖြစ်ပါသည် ။မျှော်လင့်ခြင်းရောင်ခြည်တန်းလာတော့ပါမည် ။
လက်ရှိအခြေအနေကို လေ့လာလျှင်
အမေရိကန်၏ အရင်းအနှီးမှာ စစ်သင်္ဘောကြီး တစ်စီးသာ ဖြစ်ပါသည် ။
မြောက်ကိုးရီးယား သမတ မည်သည့်နေရာတွင် ရောက်ရှိနေမည်ကို သိရှိနိုင်ရန်
မခက်ခဲပါ ။
မြောက်ကိုးရီးယားဒုံးကျည်များ လေထုအပေါ် တက်လာနိုင်သော်လည်း လိုရာသို့ 
ရောက်ရှိသွားရန် မသေချာပါ ။
ထိုအခြေအနေများကြောင့် မြောက်ကိုးရီးယား အနေဖြင့် အလွယ်တကူ ဆုံးဖြတ်ပြီး
စွန့် စားမည်မထင်ပါ ။
အမေရိကန် စစ်သင်္ဘောများ အချိန်အတော်ကြာ ရှိနေပါတော့မည် ။
.
   မြန်မာပြည်၏ မင်းဆက်သည်လည်း ၃ ဆက်တိုင်ဖြစ်လာပြီဖြစ်ပါသည် ။
အမှန်တကယ် ပြောင်းလဲလာပါတော့မည် ။
နှစ်သစ်မှစ၍ စည်းကမ်းရှိစွာ နေထိုင် ကျင့်ကြံခြင်းဖြင့် မိမိတို့ ၏ ဘ၀တိုးတက်မှု
များ ရရှိခံစား ရစေရန် ကြိုးစားကြပါစို့  ။
.





1 comment: